Monday, October 06, 2014

ထိုင်းဘုရင်ကြီး ဆေးရုံ ပြန်တင်ထားရ



ထိုင်းဘုရင်ကြီး ဘူမိဘောကို ဘန်ကောက်မြို့က ဆေးရုံတရုံကို ပြန်တင်ထားရတယ်လို့ နန်းတော်က အောက်တိုဘာ လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။သက်တော် ၈၈ နှစ်အရွယ် ဘုရင်ကြီးဟာ အရင်လက ဆေးရုံက ဆင်းခဲ့ပြီးမှ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းမှာ ပြန်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘုရင်ကြီးရဲ့ သွေးပေါင်ချိန်ကလည်း တည်ငြိမ်


နေပြီး အဖျားလည်းကျလို့ အခြေအနေ တိုးတက်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။
စီရီရတ် ဆေးရုံမှာ ဘယ်လောက်ကြာကြာ နေရမလဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ဘုရင်ကြီးဟာ အစာအိမ်ရောင် တဲ့ ဝေဒနာကြောင့် ဆေးရုံမှာတလကျော် ကုလသမှုခံယူခဲ့ရပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကမှ ဆေးရုံက ဆင်းခဲ့ရပြီး အခုတခါ ဆေးရုံပေါ် ပြန်ရောက်သွားတာပါ။

၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိလည်း ဆေးရုံပေါ်မှာ ဝေဒနာမျိုးစုံကို ကုသခဲ့ရပါတယ်။ ဘုရင်ကြီးဟာ ၂၀၁၃ ခုနှစ်မှာ ဆေးရုံက ဆင်းခဲ့တဲ့နောက် ပိုင်းမှာ လူရှေ့သိပ်မထွက်ဘဲ ဘန်ကောက်တောင်ပိုင်းက ပင်လယ်ကမ်းခြေ ဟွာဟင်မှာရှိတဲ့ နန်းတော်မှာပဲ အနားယူခဲ့ပါ တယ်။ ဘုရင်ကြီးဟာ စည်းမျဉ်းခံဘုရင်ဖြစ်ပြီး ထိုင်းပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိသူ ဖြစ်ပါတယ်။

၁၉၇၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ထိုင်းနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်း ကြုံတိုင်း ကြားဝင် ဖြေရှင်းပေးခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ ဒါပေမယ့် ၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ဗဟိုပြုတဲ့ နိုင်ငံရေး အကျပ်အတည်းမှာတော့ ဘုရင်ကြီးဟာ နုတ်ဆိတ်နေပါတယ်။

ဝန်ကြီးချုပ်ဘ၀မှာ သက်ဆင်ဟာ နန်းတော်ကို မလေးမစားလုပ်သူအဖြစ်လည်း စွပ်စွဲခံရသူ ဖြစ်ပြီး စစ်တပ် အာဏာ သိမ်းခြင်းကို ခံခဲ့ရပြီး ၂၀၀၈ ကစလို့ ပြည်ပမှာ တိမ်းရှောင်နေရပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၀န်ကြီးချုပ်ဖြစ်လာတဲ့ သက်ဆင်ရဲ့ နှမ ၀န်ကြီးချုပ်ယင့်လတ်ရဲ့ အစိုးရဟာ လည်း ပြီးခဲ့တဲ့ မေလ ၂၂ ရက်မှာ စစ်တပ် အာဏာသိမ်းတာခံရပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ကာကွယ်တဲ့ တင်းကြပ်တဲ့ ဥပဒေ ပြဌာန်းထားပြီး ဘုရင်မိသားစုကို အကြည်ညိုပျက်စေတဲ့ ပုဒ်မတခုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံနိုင်ပါတယ်။

DVB

No comments:

Post a Comment

My Blog List