Thursday, October 09, 2014

Taxas ပြည်နယ်က အီဘိုလာဝေဒနာသည် ကွယ်လွန်



အမေရိကန်နိုင်ငံမှာ အီဘိုလာရောဂါ ကုသမှုခံယူခဲ့တဲ့ လူနာက Taxas ပြည်နယ်မှာပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။သောမတ်စ် အဲရစ် ဒန်ကန်ဟာ လိုင်ဘေးရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကို လွန် ခဲ့ တဲ့ နှစ်ပါတ် ကျော်က ရောက်ရှိ လာပြီးနောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။
သောမတ်စ်ဟာ လိုင်ဘေးရီးယား နိုင်ငံကနေလာတဲ့အကြောင်း လေဆိပ်မှာမပြောခဲ့ပေမယ့် နာမကျန်းဖြစ်လို့ ဆေးရုံ ရောက်တဲ့အခါ သူနာပြု တစ်ဦးကို အသိပေးခဲ့ပါတယ်။

ဒါပေမဲ့ သူနာပြုရဲ့ ဆေးမှတ်တမ်းကို သတိမပြုမိတဲ့အတွက် သာမာန် ဖျားနာမှု လို့သာ ယူဆပြီး အိမ်ပို့ခဲ့ကြပါတယ်။

အခြေအနေ ပိုဆိုးလာပြီး ဆေးရုံ နောက်တစ်ကြိမ် ပြန်ရောက်တဲ့အခါမှသာ သိရတဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီလူနာနဲ့ ထိတွေ့ခဲ့သူ လူပေါင်း ၄၈ ယောက်ကို စစ်ဆေးတဲ့အခါမှာ ရောဂါ လက္ခာဏာ မတွေ့ရတဲ့အတွက် စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ထားတာ မရှိတဲ့အကြောင်း အေဘီစီ သတင်းထောက် Jane Cowan က သတင်းပေးပို့ထားပါတယ်။

အခုလောလောဆယ် အမေရိကန်နိုင်ငံက အဓိက လေဆိပ် ငါးခုမှာ စစ်ဆေးမှုတွေ လုပ်နေပြီး အထူးသဖြင့် ဂီနီ၊ ဆီရာယာ လီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံက ခရီးသည်တွေကို အထူး စစ်ဆေးမှာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List