Thursday, October 09, 2014

နိုင်ကျဉ်း ၈၀ ဦး အကျဉ်းထောင်များအတွင်းကျန်ရှိနေ တက်ကြွလှုပ်ရှားသူ တစ်ရာကျော် တရားရင်ဆိုင်နေရ


၂၀၁၄ ခုနှစ် စက်တင် ဘာလကုန်အထိ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်းတွင် နိုင် ငံရေးအကျဉ်းသား ၈၀ ဦး ထိန်း သိမ်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၁၃၀ ခန့် နိုင်ငံရေး လှုပ်ရှားမှုကြောင့် တရားရင်ဆိုင်နေရ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)က အောက်တိုဘာ ၈ ရက် တွင်ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၁ဦးထောင် ဒဏ်များ ချ မှတ်ခံရကာ ဖမ်းဆီးထိန်းသိမ်းခံရသူနှစ်ဦး အပါအ၀င် ၁၃ ဦးတို့ သည် တရားစွဲဆိုခြင်းခံရပြီး နိုင်ငံ ရေးအကျဉ်းသား နှစ်ဦးပြန်လည် လွတ်မြောက်လာ သည်ဟု စက် တင်ဘာလအတွင်း နိုင်ငံရေးဖြစ် စဉ်များအပေါ် သုံးသပ် ထားသည့် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(မြန်မာ နိုင်ငံ) ၏ သုံးသပ်ချက်တွင် ပါရှိသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မဖြူနှင်းထွေး ဖမ်းဆီးခံနေရပြီး ပညာရေး ဥပဒေ ကို ဆန့်ကျင်ဆန္ဒပြသည့်အတွက် တက်ကြွလှုပ်ရှားသူနှစ်ဦးတရားစွဲ ခံရပြီး တစ်ဦးဖမ်း ဆီးခံရကြောင်း ယင်းသုံးသပ်ချက်တွင်ထည့်သွင်း ထားသည်။

ယခုလ ၇ရက်တွင် သမ္မတ ဦးသိန်းစိန်အစိုးရသည် ထောက် လှမ်းရေးအရာရှိ ကိုးဦးအပါအ၀င် ပြစ်ဒဏ်ကျ အကျဉ်းသားသုံး ထောင်ကျော်အားသမ္မတ၏လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေး လိုက်သည်။

ယင်းလွတ်ငြိမ်းချမ်းသာခွင့် တွင် စစ်ထောက်လှမ်းရေးအရာရှိ များပါဝင်သော် လည်း နိုင်ငံရေးအကျဉ်း သားများ၊ မီဒီယာသမားများ၊ တောင်သူလယ်သမား အ ရေးနှင့် အလုပ်သမားအရေးဖြင့် အကျဉ်းကျသူ များပါဝင်လာခြင်း မရှိပေ။

7Day News Journal

No comments:

Post a Comment

My Blog List