Tuesday, October 07, 2014

၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၈ ရာခိုင်နှုန်းကျော်ရှိမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း


မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ယခုနှစ်နှင့် နောင်နှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာ မည်ဟု အောက်တိုဘာ ၆ ရက်၌ ကမ္ဘာ့ဘဏ် (World Bank) က ထုတ်ပြန်သည့် အာရှပစိဖိတ်ဒေသ စီးပွားရေး နောက်ဆုံးအခြေအနေ (East Asia Pacific Economic Update) အစီရင်ခံစာတွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံတွင် မကြာသေးမီကာလအတွင်း လုပ်ထုံးလုပ်နည်းနှင့် မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများအပြင် နိုင်ငံတကာနှင့် ပြည်လည်စေ့စပ်ညှိနှိုင်းမှုများကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၈ ဒသမ ၅ ရာခိုင် နှုန်းအထိရှိလာမည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားခြင်း ဖြစ်သည်။

East Asia Pacific Economic Update အစီရင်ခံစာသည် အာရှပစိတ် ဖိတ်ဒေသအတွင်း စီးပွားရေး လုပ်ငန်းများနှင့် ပက်သက်၍ ကမ္ဘာ့ဘဏ်၏ ကဏ္ဍအားလုံးအပေါ်တွင် လွှမ်းခြုံသုံးသပ်မှု တစ်ခုဖြစ်သည်။

အရှေ့အာရှပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည်ကို ၂၀၁၄ ခုနှစ်အတွင်း မြင်တွေ့ရသော်လည်း တရုတ်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများမှမူ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ပြန်ရလာ မည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်သည်။

ဝင်ငွေမြင့်မားသည့် နိုင်ငံများသည် စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်း ကြောင့် အာရှပစိဖိတ်ဒေသ တွင်းမှ ပို့ကုန်များကို ဝယ်လိုအား မြင့်တက်လာသည့် အတွက်ကြောင့် အာရှပစိတ်ဖိတ်ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်ပြန်ရလာမည်ဖြစ် ပြီး ဖွံ့ဖြိုးဆဲ အာရှပစိဖိတ်ဒေသသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအမြန်ဆုံး ဒေသတစ်ခု အဖြစ် ရှိနေဆဲဖြစ်သည်။

အရှေ့အာရှ ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ၂၀၁၃ ခုနှစ်တွင် စီးပွားရေး ၇ ဒသမ ၂ ရာခိုင် နှုန်းတိုးတက်ရာမှ ယခုနှစ်နှင့် နောင်နှစ်တွင် ၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းလာမည်ဖြစ်သည်။

တရုတ်နိုင်ငံမှလွှဲ၍ ကျန်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက်မှုသည် ၂၀၁၅ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ မရောက်မီ ယခုနှစ်တွင် အနည်းဆုံး ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဖြစ်ပြီး အရှေ့တောင်အာရှစီးပွားရေး အင်အားကြီး နိုင်ငံများတွင် ပြည်တွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပြည်ပတင်ပို့မှုများ မြင့်တက်လာမှု တို့က အရှိန်တက်လာခြင်းကြောင့် ဖြစ်သည်။

ဒေသတွင်းရှိ တရုတ်၊ ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘာဒီးယားနိုင်ငံများ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ကောင်း မွန်သည့် အနေအထားတွင် ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်သည်။

အာရှပစိဖိတ် ဒေသတွင်းနိုင်ငံများမှ ပြည်ပတင်ပို့မှု ပြိုင်ဆိုင်မှုကို မြှင့်တင်ရန် လိုအပ်သည့် စီးပွားရေး အခြေခံ အဆောက်အအုံပိုင်းတွင် ပိုမိုရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး ကဏ္ဍထောက်ပံ့ပို့ဆောင်မှု၊ ဝန်ဆောင်မှု ကဏ္ဍ၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အပိုင်းတို့တွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ် အနေဖြင့် တိုက်တွန်းအကြံပေးထားသည်။

ထို့အပြင် ဒေသတွင်းရှိ ပညာရေးစနစ်အများစုသည် လုပ်သားဈေးကွက်တွင် လိုအပ်လျက်ရှိသည့် အရည် အသွေးများကို ထုတ်လုပ်ပေးနိုင်သည့်အတွက် အဆင့်မြင့်ပညာရေးနှင့် တစ်သက်တာလေ့လာသင်ယူမှု အထိ ပါဝင်သည့် ကိစ္စများကို လွှမ်းခြုံသည့် မဟာဗျူဟာ တစ်ခုကိုလည်း အစီရင်ခံစာက အကြံပြု ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List