Friday, October 10, 2014

ၾသစေၾတးလ် သူနာပြုတဦး အီဘိုလာ ရှိမရှိ စောင့်ကြည့်


သြစတြေးလျနိုင်ငံ ကွင်း(စ်)စလန် (Queensland) ပြည်နယ်မှာ အသက် ၅၇ နှစ်အရွယ် ကြက်ခြေနီသူနာပြု Sue-Ellen Kovack ကို အီဘိုလာရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိသြစတြေးလျကျန်းမာရေးအာဏာပိုင်တွေ က ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က စောင့်ကြည့်နေကြပါတယ်။

ဆီရီယာလီယွန် (Sierra Leone) နိုင်ငံမှာ အီဘိုလာရောဂါသည်တွေကို သွားရောက် ကုသပေးပြီး သြစတြေးလျကို ပြန်လာခဲ့ တာလည်း ဖြစ်ပါတယ်။

ကွင်း(စ်)စလန်ပြည်နယ် ကျန်းမာရေးဌာနအရာရှိချုပ် ဂျင်နတီယန်း(Jeannette Young) က သူနာပြုဟာ သြစတြေးလျနိုင်ငံကို ကျန်းမာရေးအကောင်းပကတိ အတိုင်း ပြန်လာခဲ့ပြီး အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်း အဖျားနည်းနည်းပြ တာလို့ ပြောဆိုပါတယ်။

လောလောဆယ် သူ့အိမ်မှာပဲ အနီးကပ်စောင့်ကြည့်နေပြီး ၁ ရက်ကို ကိုယ်အပူ ချိန် ၂ ခါ တိုင်းတာနေရ ပါတယ်။

ဒီနေ့မှာတော့ သွေးစစ်ချက်အဖြေ ထုတ်ပြန်ပေးနိုင်တယ်လို့လည်း ယန်းက ပြောဆိုပါတယ်။

အခုနှစ် မတ်လကစပြီး အာဖရိကအနောက်ပိုင်းမှာ အီဘိုလာ တကျော့ပြန် ဖြစ်လာ ခဲ့ပြီး ဖြစ်လာသမျှထဲမှာ ဒီအကြိမ်ဟာ သေဆုံးမှုအများဆုံး ဖြစ်လာပါတယ်။ 

အောက်တိုဘာလ ၅ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၈၀၃၃ ဦး ရှိပြီး ၃၈၇၉ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

အီဘိုလာရောဂါဟာ လက္ခဏာပြဖို့ ၃ ပတ်လောက်အထိ ကြာတတ်ပြီး အဲဒီအဆင့်မှာ ရောဂါကူးစက် ပါတယ်။

DVB

No comments:

Post a Comment

My Blog List