Tuesday, October 07, 2014

ပန်းတိုင်ဆိုတာ ရောက်ပြီးရင် ရှေ့ဆက်သွားဖို့ လမ်းမရှိတော့ဘူးဆိုတဲ့ ၀ိုင်းလေးနှင့် ခဏတာ


အိပ်မက်ဆုံရာ Season 4 တွင် 2nd Runner Up ရရှိခဲ့ပြီး Miss Myanmar World 2014  တွင်  Title ဆု ရရှိထားပြီး အဆိုတော်ဖြစ်ရန်စတင်ခြေ လှမ်းနေတဲ့ ၀ိုင်းလေးကို လာမယ့် နိုဝင်ဘာ ၁၉ မှာ ဗြိတိန်နိုင်ငံမှာ ကျင်းပမယ့် Miss Myanmar World 2014  ကိုသွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေတာတွေနဲ့ ပတ်သက်လို့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။    ။ ပထမဦးဆုံးအနေနဲ့ လက်ရှိ ဘာတွေလုပ်ဖြစ်နေလဲ ပြောပေးပါဦး။

ဖြေ။    ။ လက်ရှိမှာတော့ ညီမ   Miss Myanmar World ပြိုင်ပွဲ ၀င်ပြိုင်ဖို့အတွက် လေ့ကျင့်ခန်း လုပ်နေပါတယ်။ ခန္ဓာကိုယ်အတွက် GYMကစားနေတယ်။ နောက်ပြီး ပြင်သစ်စာ ပြန်လေ့လာနေပါတယ်။

မေး။    ။ Miss Myanmar World ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တုန်းကဘယ်လိုအခက်အခဲတွေ တွေ့ခဲ့သလဲ။

ဖြေ။    ။ ညီမ ၂၀၁၁ ခုနှစ်လောက်က Tallent Model Agency က မတင်မိုးလွင်ဆီမှာ သင်တန်း တက်ခဲ့တယ်။ အဲဒီနောက်ပိုင်းရွှေနန်းတော်ပွဲတွေမှာ မော်ဒယ်လျှောက်ဖူးတယ်။ နောက် အိပ်မက်ဆုံရာမှာ သီချင်းပဲ ဆိုဖြစ်တယ်။ အဲဒီအခါကျတော့ Miss ပြိုင်ပွဲ ပြိုင်တဲ့အခါမှာ ပထမဆုံးဆိုတော့ အစစအရာရာ သတိထား ခဲ့ရတယ်။ အထူးသဖြင့် အဖွဲ့အစည်းနဲ့ ဆက်ဆံရတဲ့အခါမှာ အချိန်လေးစားရတာတွေ၊ နေထိုင်ပြုမူ ပြောဆိုရတာတွေအစစအရာရာ အရမ်း ဂရုစိုက်ရတယ်။

မေး။    ။ Miss ပြိုင်ပွဲကို ပထမဆုံး ယှဉ်ပြိုင်ခဲ့တုန်းက ဘယ်လိုမျိုး ခံစားရသလဲ။

ဖြေ။    ။ ဒီပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ကတည်းက ငါ အကောင်းဆုံး လုပ်သွားမယ်။ ပြိုင်ပွဲဆိုတာကတော့ နတ်ကြီးပါတယ်။နိုင်ငံကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံရတယ်ဆိုပေမဲ့လည်း Crown ဆိုတာ အရမ်းနတ်ကြီးတယ်။ အဲဒီ အတွက် စခန်းသွင်းကတည်းက သေသေချာချာ လေ့ကျင့်တယ်။ညီမအနေနဲ့ စတိတ်စင်ပေါ်မှာ ယှဉ်ပြိုင်တဲ့ အခါမှာ အစိုးရိမ်ဆုံးကတော့ဂါဝန်နဲ့ ဖိနပ်ပဲ။ ဒီဇိုင်နာတွေ ချုပ်ပေးထားတဲ့ ဂါဝန်က အရမ်းရှည်ပြီးတော့ညီမတို့ စီးရတဲ့ ဖိနပ်တွေကလည်း ဒေါက်က ငါးလက်မ လောက်ရှိတော့ ပရိတ်သတ်အရှိန်နဲ့ လျှောက်တဲ့အခါမှာ တစ်ခုခု ဖြစ်သွားမှာ အရမ်းကြောက်တယ်။ ဆုရတာ မရတာကိုတော့ မကြောက်ပါဘူး။

မေး။    ။ Miss ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဘယ်သူတွေဆီက လေ့လာခဲ့သလဲ။

ဖြေ။    ။ သင်တန်းကတော့ သီးသန့်ကြီး မရှိပါဘူး။ Missကျောင်းလိုမျိုးတက်ပြီး  သီးသန့်သင်တန်း တက်ခဲ့ တာမျိုးမရှိဘူး။နိုင်ငံခြားလိုမျိုးသင်တန်းကျောင်းတွေ မရှိဘူး။ ဆရာမ တင်မိုးလွင်ဆီမှာလေ့ကျင့်ခဲ့တယ်။

မေး။    ။ ညီမရဲ့ အိမ်ကရော Miss ပြိုင်ပွဲ ၀င်ပြိုင်ဖို့အတွက် ဘယ်လိုထောက် ပံ့ပေးခဲ့သလဲ။

ဖြေ။    ။  အခုလို အခြေအနေ ရောက်လာတာလည်း မိဘတွေရဲ့ပံ့ပိုးမူတွေ အများကြီးပါတယ်။ မိဘဆိုတာက ကိုယ့်ရဲ့သားသမီး ဘယ်လိုဗီဇတွေ ပါတယ်ဆိုတာကို ငယ်ငယ်လေးထဲက သိဖို့လိုတယ်။ ညီမမိဘတွေက ညီမ ဘာဖြစ်ချင်လဲဆိုတာကို သိတယ်။ ပြီးတော့  ကိုယ့်သမီး ၀ါသနာပါတာကိုလေ့ ကျင့်ပေးခဲ့တယ်။ မိဘတွေကျေးဇူးကြောင့် ညီမ  ကိုယ့်ကို ညီမ ယုံကြည်မှုရ လာတယ်။

မေး။    ။ Missတစ်ယောက် အနေနဲ့ရော ဘယ်လိုစိတ်ထားမျိုး ရှိရမယ် ယူဆလဲ။

ဖြေ။    ။ စိတ်ထားကောင်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမက မြန်မာနိုင်ငံကို ကိုယ်စားပြုထားတဲ့ စလွယ်လွယ်ထားတယ်ဆိုတော့ သူများနဲ့ တန်းတူ နေလို့မရဘူး။စိတ်ဓာတ်ပိုင်းရော အပြုအမူရော အားလုံးက စံပြဖြစ်နေရမယ်။ နောက်အရည်အချင်းရှိရမယ်။ ဂီတ၊ စာပေ၊ အားကစား တစ်ဖက်ဖက်မှာ ထူးချွန်နေရမယ်။ အခုမှ လုပ်ယူလို့ မရဘူး။

မေး။    ။နောက်ဆုံးအနေနဲ့ အောင်မြင်မူဆိုတာကို ဘယ်လိုမျိုး လက်ခံထားလဲ။

ဖြေ။    ။ ညီမအနေနဲ့ အောင်မြင်မှုဆိုတာကို ကိုယ့်ကိုကိုယ်အောင်မြင်ပြီလို့ ဘယ်တော့မှ မခံယူဘူး။ ဘာကြောင့်လဲဆိုတော့ ညီမကပန်းတိုင်မရောက်သေး ဘူး။ ပန်းတိုင်ဆိုတာ ရောက်ပြီးရင် ရှေ့ဆက်သွားဖို့ လမ်းမရှိတော့ဘူး။ လူတစ်ယောက် အောင်မြင်ဖို့ဆိုတာက ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ ဆိုင်တယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ၀ိုင်းလေးကို ကျေးဇူးတင်ပါတယ်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List