Tuesday, October 07, 2014

သီတင်းကျွတ်သည့် ကာလတွင် လူသားချင်းစာနာ ထောက်ထားမှုဖြင့် အကျဉ်းသား/ အကျဉ်းသူ (၃၀၇၃)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့် များပေး



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၀၄) ပုဒ်မခွဲ (က) နှင့် အညီ အကျဉ်းထောင် အသီး သီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံပြီး ဖြစ်သည့်အပြင် အကျဉ်းထောင် ကျခံစဉ် ကာလအတွင်း စည်းကမ်း ကောင်းမွန်သည့် အကျဉ်းသား/ အကျဉ်းသူ ၃၀၇၃ ဦး တို့အား နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး ၊ တရားဥပဒေစိုး မိုးရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ (မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သတင်းကျွတ်လဆန်း ၁၄ ရက်) နေ့တွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များ ပေးခဲ့ပါသည်။ 
အဆိုပါ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်တွင် နိုင်ငံတော် ၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုး အတွက် အများ ပြည်သူများနှင့် အတူ တာဝန်ထမ်းဆောင် သွားနိုင်စေရန် မြန်မာနိုင်ငံသား အကျဉ်းသား ၃၀၁၅ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား (၅၈) ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်များပေး၍ ပြည်နှင်ဒဏ် ပေးခြင်းတို့ ပါဝင်ပြီး စုစုပေါင်း အကျဉ်းသား/ အကျဉ်းသူ ၃၀၇၃ ဦး တို့အား ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်များ ခွင့်ပြုပေး ခဲ့ကြောင်း သတင်းရရှိသည်။

MRTV

No comments:

Post a Comment

My Blog List