Thursday, October 09, 2014

Kim Jong-un နေအိမ်အကျယ်ချုပ် ခံရနိုင်


မြောက်ကိုရီးယားနိုင်ငံ ​ခေါင်းဆောင် ​Kim ​Jong-un ​ကို ​လူရှေ့သူရှေ့မှာ ​မတွေ့ရတာ ​တစ်လကျော် ​ကြာ သွားပြီးတဲ့နောက် ​နေအိမ်အကျယ်ချုပ် ​ခံထားရတာ ​ဖြစ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။ အသက် ​၃၁ ​နှစ်အရွယ် ​Kim ​Jong-un ​ကို ​စက်တင်ဘာလ ​၃ ​ရက် ​နေ့ ​မှာ ​နောက်ဆုံး ​တွေ့ခဲ့ကြတာ ​ဖြစ်ပါတယ်။

ဇူလိုင်လတုန်းကတော့ ​ခြေထောက်နာနေတဲ့ ​ပုံစံမျိုးနဲ့ ​မြောက်ကိုရီးယားနိုင်ငံ ​တည်ထောင်သူ ​အဖိုးဖြစ် သူကို ​ဂုဏ်ပြုတဲ့ ​အခမ်းအနားကို ​တက်ရောက်ခဲ့တဲ့အတွက် ​ကျန်းမာရေးဆိုးဝါး ​နေတာ ​ဖြစ်မယ်လို့လည်း ​သုံးသပ် ​နေကြပါတယ်။

အရင်တစ်လ ​နှောင်းပိုင်းမှာတော့ ​Kim ​Jong-un ​အနေနဲ့ ​မသက်မသာ ​မှုတွေနဲ့ ​ကြုံနေရတယ်လို့ ​မြောက်ကိုရီးယားသတင်းမှာ ​ဖော်ပြထားပေမယ့် ​ဘာအသေးစိတ်မှ ​ထည့်မထားပါဘူး။

နယ်သာလန်တက္ကသိုလ်က ​ကိုရီးယားအရေးကျွမ်းကျင်သူ ​ပါမောက္ခ ​Remco ​Breuker ​ကတော့ ​မြောက်ကို ရီးယားမှာ ​ခေါင်းဆောင် ​အပြောင်းအလဲ ​ဖြစ်ပြီး ​Kim ​Jong-un ​ကို ​နေအိမ်အကျယ်ချုပ်ထားလိုက်ကြတာ ​ဖြစ်နိုင်တယ်လို့ ​ပြောဆိုထားပါတယ်။

ကိုရီးယားမှာ ​ခေါင်းဆောင် ​အပြောင်းအလဲ ​ဖြစ်နေပါစေ ​စနစ်ကတော့ ​ပြောင်းလဲမှာ ​မဟုတ်ဘူးလို့လည်း ​ပြောပါတယ်။

Kim ​Jong-un ​ကို ​ကိုရီးယားခေါင်းဆောင်အဖြစ်လို့သာ ​ပြောဆိုနေကြပေမယ့် ​အမှန်တကယ်ကတော့ ​တိုင်းပြည်ကို ​အုပ်ချုပ် ​ချယ်လှယ်နေတာက ​Kim ​Jong-un ​မဟုတ်ပဲ ​ကွယ်လွန်သူ ​Kim ​Jong-un ​ဖခင်ရဲ့ ​လုပ်ဖော်ကိုင်ဖက် ​လူဟောင်းတွေသာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

ဒါပေမဲ့ ​မြောက်ကိုရီးယားခေါင်းဆောင် ​ဘာကြောင့် ​လူရှေ့သူရှေ့ကနေ ​ပျောက်သွားသလဲ ​ဆိုတာကတော့ ​ဘယ်သူမှ ​မသိကြသေးပါဘူး။

ABC

No comments:

Post a Comment

My Blog List