Thursday, October 09, 2014

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြောတဲ့နိုင်ငံတော်ဘတ်ဂျက်ကိုနှိုက်စားနေတာ ဘယ်သူတွေလဲ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ အတွင်းရှိ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စက်မှုဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေး စတဲ့ အရေးအများအပြား ကို စီမံကိန်းတွေ ရေးဆွဲချမှတ်ကာ လုပ်ဆောင်နေတာကိုလည်း သတင်းစာမျက် နှာတွေကနေတစ်ဆင့် ဖော်ပြမှုကြောင့် အားလုံးသိရှိ နေပြီးလို့လည်း ထင်ပါတယ်။

ဒါကြောင့် ဒီလိုစီမံကိန်းတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့အတွက်ဆိုရင် နိုင်ငံအတွက် ပြည်သူတွေပေးဆောင်နေတဲ့ နိုင်ငံတော်ဘဏ္ဍာငွေထဲ ကနေ စီမံကိန်းတစ်ခုအတွက် လုံလောက်တဲ့ ဘတ်ဂျက်ကို ထုတ်ပေးရပြီး ဒီလို ထုတ်ပေးလိုက်တဲ့အချိန်မှာလည်း နိုင်ငံတော်အနေနဲ့ ပွင့်လင်းမြင်သာ မှုရှိအောင် ဖော်ပြရ မှာဖြစ်ပါတယ်။ ဒီလိုဖော်ပြခြင်းအားဖြင့် ပြည်သူတွေ အားလုံးလည်း သိနိုင်သလို သက်ဆိုင်ရာဝန်ကြီးဌာန တွေလည်း သိရှိလာမှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ တွေအနေနဲ့လည်း သိရှိနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ စီမံကိန်းတစ်ခု အကောင် အထည်ဖော်မည်ဆိုပါက အစိုးရသတင်းစာ (သို့မဟုတ်) တခြားသောသတင်းစာများကနေ အသိပေးသင့်ပြီး တင် ဒါခေါ်ယူတဲ့အခါမှာလည်း ဘယ်ကုမ္ပဏီကို တင်ဒါဘယ် လောက်နဲ့ တင်ဒါအောင်ခွင့် ပေးလိုက်ခြင်း၊ စီမံကိန်း အတွက် ဘတ်ဂျက် ဘယ်လောက် ချပေးခြင်း၊ ဘယ်နှလ၊ ဘယ်နှနှစ်အတွင်း အပြီးဆောက်မည် စတဲ့ အချက်အလက်များကို ပြည်သူများ သိရှိနိုင်ရန် အသိပေးသင့်တယ် လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တော်တော်များများက ပြောပါတယ်။

''မြန်မာပြည်မှာက စီမံကိန်းတစ်ခု လုပ်မယ် ဆိုရင် နိုင်ငံတော်ကနေ စီမံကိန်းနဲ့သက်ဆိုင်တဲ့ ဝန်ကြီး ဌာနကို တာဝန်ပေးလိုက်တယ်။ ဘတ်ဂျက်ဘယ်လောက် နဲ့။ ဒါပေမဲ့ အဲဒီချပေးတဲ့ဘတ်ဂျက်ကို ပြည်သူတွေ မသိ ရဘူး။ နောက်တစ်ခုက စီမံကိန်းကို ကျွမ်းကျင်တဲ့ပညာ ရှင်တွေကို ခိုင်းတာမဟုတ်ဘဲနဲ့ သူတို့နဲ့ သိကျွမ်းတဲ့ ကုမ္ပဏီတွေကို ငါဘယ်လောက်ပေးမယ် မင်းလုပ်မလား ဆိုပြီး တစ်ဆင့်ပြန်ချတယ်။ ဒီနေရာမှာပဲ နိုင်ငံတော်က ချပေးလိုက်တဲ့ ဘတ်ဂျက်က ဥပမာ တစ်ထောင်ဆိုရင် တစ်ဆင့်ချပေးလိုက်တဲ့ ကုမ္ပဏီကို ငါးရာ၊ ခုနစ်ရာလောက် ပဲ ပေးတယ်။ ဒီတော့ ကုမ္ပဏီဘက်ကလဲ အမြတ်လိုချင် သေးတယ်လေ။ ဒါကြောင့် ငါးနှစ်ခံမယ့် စီမံကိန်းက သုံးနှစ်လောက်ပဲ ခံအောင်လုပ်တယ်။ ပိုတာ သူတို့ထဲ ထည့်လိုက်တယ်''ဟု မြန်မာနိုင်ငံအရေး လေ့လာသုံး သပ်သူ ဦးကျော်ဝင်းက သုံးသပ်ပြောကြားခဲ့ပါတယ်။

ယခုလို နိုင်ငံတော်က ချမှတ်ပေးလိုက်သောဘတ်ဂျက်များကို စီမံကိန်းလုပ်ကိုင်ခွင့်ရရှိသွားသောကန်ထရိုက် များအနေနဲ့ လုပ်ငန်း အကောင်အထည်ဖော် နေစဉ်အချိန်တွင် လာရောက်စစ်ဆေးသော အဖွဲ့များ ကို ကျွေးမွေးဧည့်ခံရခြင်း၊ ရရှိသော စီမံကိန်းငွေထဲမှ လာဘ်ထိုးရခြင်း၊ သက်ဆိုင်ရာမြို့နယ် အတွင်းရှိ ပုဂ္ဂိုလ် များအား ထပ်မံကျွေးမွေးဧည့်ခံရခြင်း၊ စတဲ့ အကြောင်း အရာများ ပြုလုပ်ပေးရသောကြောင့် ၄င်းတို့၏ အကျိုး အမြတ်ကျန်ရှိရန်အတွက် လုံးပန်းရတော့ခြင်းဖြစ်တယ်ဟု ယင်းက ထပ်မံသုံးသပ်ပြောပါတယ်။

နိုင်ငံတော်ဘတ်ဂျက်အား စီမံကိန်းအပေါ် မှာ အနည်းငယ်သာအသုံးပြုပြီး ခွဲဝေစားသောက်မှုများ ရှိတာ ကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင် မြင့်က လွှတ်တော်အတွင်းမှာ ယခုလိုပြောကြားခဲ့တယ်။

''ကန်ထရိုက်ရတဲ့သူက ဆောက်တာမဟုတ် ဘဲနဲ့ ကန်ထရိုက်ရတဲ့သူက အဆင့်ဆင့်လွှဲပြီး ဆောက် တာပေါ့။ ဘာနဲ့တူသလဲဆိုတော့ ပွဲဈေးတန်းထဲမှာ ဆီး သီးဗန်းမှောက်ကျသလိုပဲ။ သူက ဆီးသီးရောင်းမလို့ ဆီး သီးဗန်းနဲ့ သွားတာပဲ။ မှောက်လဲမှောက်ရော ဟိုလူက တစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စားနဲ့ တစ်ဝက် လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလို ဖြစ်နေ တာပေါ့''ဟု ပြောပါတယ်။

နိုင်ငံတော်အတွင်းမှာ ကျန်းမာရေးလုပ်ငန်း တွေ လုပ်ကိုင်နိုင်ရန်အတွက် ချမှတ်ပေးလိုက်တဲ့ ဘတ်ဂျက် သည် ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ခဲ့သော် လည်း စံချိန်စံညွှန်းမမီဘဲ ဘတ်ဂျက်များကို ဟိုလူနှိုက် စား၊ ဒီလူနှိုက်စားခြင်းများ ပေါ်ပေါက်လာတာကြောင့် တည်ဆောက်ရေးကာလမှာ စစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းဖို့လိုအပ်ကြောင်းကိုလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် က ပထမအကြိမ် အမျိုးသားလွှတ် တော် (၁၁)ကြိမ်မြောက် အစည်းအဝေး ကျင်းပနေတဲ့ သုံးရက်အတွင်းမှာ နှစ်ကြိမ်မြောက် ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောဆိုလိုက်တဲ့အကြောင်းအရာဟာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆလိုင်းခွဲယန်၏ ပလက်ဝ မြို့နယ် တိုင်ဝကျေးရွာနဲ့ ကြက်မအိုင်ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက် အအုံတွေ ဆောက် လုပ်ရာမှာ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီမှုမရှိတဲ့အ တွက် ဘယ်လိုအရေးယူဆောင်ရွက်ထားတယ်ကို သိရှိလိုတယ်လို့ ကြယ်ပွင့်ပြမေးခွန်း အပြီးတွင် ပြောဆို လိုက် ခြင်းဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆ လိုင်းခွဲယန်၏ ကြယ်ပွင့်ပြမေးခွန်းနဲ့ ပတ်သက်ပြီးတော့ လည်းကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာလဲ့လဲ့ဝင်းက ယခုလို ပြန်လည်တင်ပြ ခဲ့ပါတယ်။ 

ပလက်ဝမြို့နယ် တိုင်ဝကျေးရွာနဲ့ ကြက်မ အိုင်ကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက် အအုံများ လက်ခံချိန်မှာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို ပလက်ဝမြို့တာဝန်ခံ သစ်တောနဲ့ သတ္တုတွင်းဝန် ကြီးဌာန ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးရာမှာ လိုအပ်ချက်များကို ပြန်လည်ပြုပြင်ပေးရန် မှာကြား ခြင်း၊ ကွင်းဆင်းစစ်ဆေးချက်များကို ပြုပြင်ပြီးကြောင်း မှတ်တမ်းဓာတ်ပုံများ တင်ပြစေခြင်းများကို ဆောင်ရွက် ပြီးမှ သာလျှင် ငွေလက်ကျန်များကို ထုတ်ယူပေးရန် စီစဉ်ထား ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနေ့ခေတ်ကာလ အချိန်အခါမှာ မြန်မာနိုင်ငံ မှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် အစိုးရမှ ဘတ် ဂျက်ချပေးကာ လမ်းများတည်ဆောက်ခြင်း၊ မြစ်ချောင်း များတွင် တံတားတည်ဆောက်ခြင်း၊ ကျေးလက်ဒေ သများ မှာ ကျန်းမာရေးအဆောက်အအုံများ တည်ဆောက်ခြင်း၊ မြို့ပြများတွင် ကြုံတွေ့နေရတဲ့ လမ်းကျပ် တည်းမှုများ မရှိစေရန် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ နိုင်ငံ တကာနဲ့ပူးပေါင်း၍ အဆင့်မြင့်ရထား များ ပြေးဆွဲနိုင် ရန်ဆောင်ရွက်နေခြင်း စတဲ့ မရေမတွက်နိုင်သောစီမံ ကိန်းများကို လုပ်ကိုင်နေသလို လုပ်ကိုင်ရန်အတွက် အစီအစဉ်များ ရေးဆွဲချမှတ်ထားပါတယ်။

အဆိုပါစီမံကိန်းများကို အကောင်အထည် ဖော် လုပ်ကိုင်လာမယ့်အချိန်မှာ နိုင်ငံတော်က ချမှတ် ပေးလိုက် တဲ့ ဘတ်ဂျက်တွေကို မပျောက်မပျက်အောင် နဲ့ သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ တည်ဆောက်သွားရန်၊ လာဘ်ပေးလာဘ်ယူမှုများ မဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ စစ်ဆေး သင့်သလို ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု များကိုလည်း ပြုလုပ်သင့်တယ်လို့ အထက်တန်း တရား လွှတ်တော်ရှေ့နေ ဦးအောင်ကျော်က သုံးသပ် ပြော ကြားခဲ့ပါတယ်။

အဆိုပါ အထက်တန်း တရားလွှတ်တော်ရှေ့နေ ဦးအောင် ကျော်ရဲ့ သုံးသပ်ချက်နဲ့ပတ်သက် ပြီး မြန်မာနိုင် ငံ လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင် အောင်က ယခုလို ပြောပြပါတယ်။

''နိုင်ငံတော်ဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့ ချထား ပေးတဲ့ငွေတွေကို ဌာနဆိုင်ရာအဖွဲ့တွေက ထိရောက်စွာ အသုံး ပြုခြင်းမရှိရင် ကျွန်တော်တို့အဖွဲ့က စိစစ်အရေးယူသွားမယ်။ဝန်ထမ်းတွေကလဲ ကိုယ့်ရဲ့ဌာနမှာ အကျင့်ပျက် မှုတွေရှိခဲ့ရင် တိုင်ကြားပါ။ ထိရောက်စွာ ဆောင်ရွက်ပေးမှာပါ။ ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ရှိတဲ့ကိစ္စ တွေကို အပြည့်အဝအသုံးချပြီး ထိရောက်စွာ ဆောင်ရွက်သွားမှာပါ''ဟု ပြောတယ်။

နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ''ကျွန်တော်တို့ နိုင်ငံ မှာက ဘာပဲလုပ်လုပ် သူ့လူကိုယ့်လူကို ကြည့်တတ်တယ်။ ဘာလို့လဲဆိုရင် နေရာတစ်နေရာ ရာထူးတစ်ခုကိုပေး မယ်ဆိုရင် ကိုယ်ရဲ့ နီးစပ်သူအသိုင်းအဝိုင်းထဲက အရင် ကြည့်တယ်။ မရှိရင် ကိုယ်နိုင်တဲ့လူကို ကြည့် တယ်။ ပြီးရင် အဲဒီနေရာကိုပေးတယ်။ ဒီလိုပဲ စီမံကိန်းတစ်ခု လုပ်ရင်လဲ အချင်းချင်းပဲ ပေးလုပ်ခိုင်းတာတွေ လဲ ရှိနိုင် တယ်လေ။ ဒီလို လုပ်လိုက်မယ်ဆိုရင် ပေးထားတဲ့ဘတ် ဂျက်က အကွဲကွဲ အစိတ်စိတ်ဖြစ်သွား ပြီးတော့ လုပ်တဲ့ စီမံကိန်းက ရေရှည်မဟုတ်ဘဲ ရေတိုဖြစ်ပြီး ညံ့ဖျင်းသွား တယ်''ဟု ပြောတယ်။

ဒီလိုဆိုရင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်ပြောတဲ့ နိုင်ငံတော်ဘတ်ဂျက်ကို အဆင့်ဆင့် လွှဲပြီး ဆောက်လုပ်ခြင်း၊ ပွဲဈေးတန်းထဲမှာ ဆီးသီးဗန်း မှောက်ကျသွားတဲ့အခါ ဟိုလူက တစ်ဆုပ်နှိုက်စား ဒီ လူက တစ်ဆုပ်နှိုက်စား လုပ်လို့မရအောင် ဘယ်လို ပြင် ဆင်သင့်သလဲ။ ဒီလိုနှိုက်စားတဲ့လူတွေကရော ဘယ် သူတွေလဲဆိုတာကို ပြည်သူတွေသိအောင် နိုင်ငံတော် အစိုးရအနေနဲ့ ဖော်ထုတ်ချပြသင့်ပါတယ်။

အဲဒီလိုပဲ စီမံကိန်းမစမီ သတင်းစာထဲမှာ တရားဝင် အကြောင်းကြားပြီး တင်ဒါခေါ်နိုင်ပါတယ်။ တင်ဒါခေါ်တဲ့ အခါမှာလည်း ပွင့်လင်းမြင်သာမှုအတိုင်းပဲ နိုင်ငံတော်အကြံပေး ဒေါက်တာအောင်ထွန်းသက်ပြော သလိုပဲ ကိုယ့်လူသူ့လူဆိုတဲ့ အစွဲကိုမကြည့်ဘဲ ဘယ် ကုမ္ပဏီကို လုပ်ခွင့်ပေးလိုက်ပြီး ဘတ်ဂျက်ဘယ်လောက် ကျမယ်၊ စီမံကိန်းကို ဘယ်အဖွဲ့အစည်းက ဘယ်သူတွေ တာဝန်ယူစစ်ဆေးမယ်၊ စီမံကိန်းအား အချိန်ဘယ်
လောက် သတ်မှတ်မယ် စတဲ့အချက်အလက်တွေအားလုံးကို အ များပြည်သူနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ နိုင်ငံတော်အ ကြီးအကဲများ၊ လေ့လာစောင့်ကြည့်သူများ၊ အကြံပေး အဖွဲ့များအား သိရှိခွင့်ပေးမယ်ဆိုရင် နိုင်ငံတော်ဘတ် ဂျက်ကို ဟိုလူနှိုက်စား ဒီလူနှိုက် စားခြင်းရန်ကို ကာကွယ်နိုင်မှာ ဖြစ်ပြီး အလွယ်တကူ နှိုက်စား တတ်သောလူများ ကိုလည်းသတိပြုမိလာနိုင်သလို စီမံ ကိန်းလုပ်ငန်းများကိုလည်း ကောင်းကောင်း မွန်မွန်နဲ့ လုပ် ကိုင်ဆောင်ရွက်လာနိုင်မှာ ဖြစ်တဲ့အကြောင်းသုံးသပ် တင်ပြလိုက်ရပါတယ်။

Yangon Media Group

No comments:

Post a Comment

My Blog List