Friday, October 10, 2014

ထိုင်း ၁၀ ဘတ်စေ့များ ပျောက်ဆုံးနေမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း



ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ သူ့ရဲ့ဘဏ္ဍာတိုက်ထဲမှ ပျောက်ဆုံးနေတဲ့ BE 2533- ၁၉၉၀ ပြည့်နှစ်ထုတ် ၁၀ ဘတ်တန် အကြွေ ၁၈ စေ့ ပျောက်ဆုံးနေ မှုကို စုံစမ်းရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ မာတီချွန် အွန်လိုင်းသတင်းအရ သိရပါတယ်။ဘဏ္ဍာရေးဌာန အကြီးအကဲ နာရီချိုင်ဆွတ် ပြောကြားချက်အရ အဲဒီနှစ်က ၁၀ ဘတ်တန်အကြွေစေ့ အခု ၁၀၀ သာ ထုတ်ထားတယ်လို့ ဆိုပါတယ်။
အကြွေစေ့ ၂၀ ကို အင်္ဂလန်နိုင်ငံက ဒင်္ဂါးသွန်းလုပ်ခြင်း ပြပွဲကို တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေကို အထိမ်းအမှတ် အကြွေစေ့တွေအနေနဲ့ ပေးအပ်ခဲ့တာပါ။

ဘဏ္ဍာရေးဌာနရဲ့ သိမ်းဆည်းရေးဧရိယာမှာ ရှားပါး ၁၀ ဘတ်စေ့ ၆၂ စေ့သာ တွေ့ရှိခဲ့ရပြီး ၁၈ စေ့ ပျောက်ဆုံးနေတာ လို့ ဆိုပါတယ်။

ဒီအကြွေစေ့တွေကို နိုင်ငံတော်ပိုင် ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ပျောက်ဆုံး အကြွေစေ့ ၁၀ စေ့ တွေ ဘယ်မှာရှိတယ်၊ ဘယ်သူ့ဆီမှာ ရှိတယ်၊ သူတို့တွေ ဘယ်လိုရခဲ့တယ် ဆိုတာတွေကို စုံစမ်းစစ်ဆေးမယ်လို့လည်း ပြောပါတယ်။

ဒီအကြွေစေ့တွေကို ပြန်လည်ရှာဖွေတွေ့ရှိဖို့ စုံစမ်းစစ်ဆေးရေးအတွက် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ရက်ပေါင်း ၆၀ အချိန်ပေးထားပြီးတော့ အဖြေကိုတော့ နိုဝင်ဘာလမှာ သိရမယ်လို့ မစ္စတာ နာရီက ဆိုပါတယ်။

သတင်းရင်းမြစ်တွေကတော့ စုံစမ်းစစ်ဆေးရေးကို ၁၉၉၀ ပြည့်နှစ်တုန်းက သက်ဆိုင်ရာ စာရွက်စာတမ်းတွေအားလုံး ကို ပြန်စစ်ဆေးကြည့်သင့်တယ်လို့ ပြောပါတယ်။

အဲဒီအချိန်တုန်းက အကြွေစေ့တွေ ထုတ်ပေးခဲ့တဲ့အတွက် တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲ ဆိုတာ ရှာပြီး မေးသင့် တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

ရာယွန်က ရတနာကုန်သည်တဦးဟာ သူ့ရဲ့လူမှုမီဒီယာကနေ အကြွေစေ့ ၁ စေ့ကို ဘတ် ၁ သိန်းပေးမယ်လို့ ကမ်းလှမ်း လိုက်ချိန်မှာ ရှားပါး BE 2533 ထုတ် ၁၀ ဘတ်စေ့တွေအကြောင်းကို ဒီနှစ် သြဂုတ်လမှာ လူသိရှင်ကြား သတင်းပြန့် ခဲ့တာပါ။

ဒီသတင်း အရမ်းပြန့်သွားပြီးနောက်မှာတော့ သူ့ရဲ့ကမ်းလှမ်းချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List