Tuesday, October 07, 2014

တစ်ကိုယ်တော် ရှိုးပွဲ အပြီးတွင် "နာမည် ကျန်နေရစ်မယ်" အယ်ဘမ် ထွက်မည့် ဖြူဖြူကျော်သိန်း



အဆိုတော် ဖြူဖြူကျော်သိန်း၏ "နာမည်ကျန်နေရစ်မယ်" ပဉ္စမမြောက် တစ်ကိုယ်တော် အယ်ဘမ်ကို နိုဝင်ဘာ ၁ရက်တွင် The Strand ဟိုတယ်၌ ကျင်းပ ပြုလုပ်မည့် ၎င်း၏ တစ်ကိုယ်တော်ရှိုးပွဲ အပြီး၌ထွက်ရှိရန် စီစဉ်ထားသည်ဟု အဆိုတော် ဖြူဖြူကျော်သိန်းက မဇ္ဈိမကို ပြောသည်။
"အဲဒီ အခွေ ထဲမှာက ရော့ခ် ကိုယ်ပိုင် သံစဉ် သီချင်းတွေ ချည်းပါပဲ။ အခု တစ်ကိုယ်တော် ရှိုးပွဲ ပြီးတာနဲ့ နိုဝင်ဘာ ဖြစ်ဖြစ်၊ ဒီဇင်ဘာ ဖြစ်ဖြစ် ထွက်ရှိ မှာပါ" ဟု၎င်းက ပြောသည်။ ၎င်း၏ အယ်ဘမ်တွင် ရော့ခ်သီချင်းများ အားလုံးကို The Scare rock band က ရေးစပ် တီးခတ် ပေးထားခြင်း ဖြစ်ပြီး သီချင်း ၁၀ပုဒ် ပါဝင်မည် ဖြစ်ကာ PTL Studio တွင် အသံသွင်း ထားခြင်း ဖြစ်သည် ။

အဆိုတော် ဖြူဖြူကျော်သိန်းသည် "မိန်းကလေး တစ်ယောက် အသည်းကွဲ နေသည်၊ ချစ်သူ့ အမုန်းကျိန်စာ၊ "Memoir Of Diva" နှင့် အတွဲခွေ အယ်ဘမ်များစွာ ထွက်ရှိခဲ့သူ ဖြစ်သည်။ ၎င်းသည် ၂ဝဝ၆ ခုနှစ် တွင် မွေးနေ့ အမှတ်တရ အဖြစ် ဝင်ကြေး အခမဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကိုကျင်းပ ခဲ့ရာပရိသတ် ၅သောင်းကျော် ဝင်ရောက်ခဲ့သည်။ 



ယင်းအပြင်၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အာဆီယံ နှစ်၎ဝပြည့် အခမ်းအနား တွင် မြန်မာပြည် ကိုယ်စားပြု အဆိုတော် တစ်ဦးအဖြစ် တစ်ကိုယ်တော် ရှိုးပွဲ လာရောက် ဖျော်ဖြေရန် ဖိတ်ကြားခြင်း ခံရသည်။

အဆိုတော် ဖြူဖြူကျော်သိန်းသည် ၂ဝဝ၇ ခုနှစ်ဧပြီ ၁၂ ရက် သင်္ကြန်အကြို နေ့တွင်ဝင်ကြေးခမဲ့ တစ်ကိုယ်တော် ရှိုးပွဲ ပြုလုပ် ခဲ့ပြီး ၂ဝဝ၈ ခုနှစ် တွင် MCC ခန်းမ ၌ တစ်ကိုယ်တော် ရှိုးပွဲ ကိုထပ်မံကျင်းပခဲ့ကာ ၂ဝ၁ဝ ခုနှစ်တွင်အမျိုးသား ကဇာတ်ရုံ ၌တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကိုကျင်းပ ခဲ့သည်။ 

၎င်း၏ ဖျော်ဖြေပွဲများတွင် သီဆိုသည့် သီချင်းများနှင့် အတူ ဖက်ရှင် ဒီဇိုင်းများသည် ပရိသတ်များ ငေးမော စိတ်ဝင်စား သည်အထိ အောင်မြင်ခဲ့သူ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List