Thursday, October 09, 2014

ထိုင်းလေယာဉ်မှူးကို မိသားစုဆန္ဒအရ ဘန်ကောက်ဆေးရုံတွင် ကုသပေးမည်


B4 ရဟတ်ယာဉ်နှင့်အတူ လိုက်ပါသွားသည့် ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး Mr.Chatchawal အား အောက်တိုဘာ ၉ရက်က ရန်ကုန်သို့ ညတွင်းချင်းပြန်ခေါ်လာကာ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ၎င်း၏မိသားစုဆန္ဒအရ ထိုင်းနိုင်ငံဘန်ကောင်ဆေးရုံတွင် ပြန်လည်ဆေးကုသမည်ဟု ထူးဖောင်
ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က ပြောသည်။

"မနေ့က ၀ိတိုရိယဆေးရုံကိုရောက်နေတယ်။အခုသူ့မိသားစုနဲ့ရှိနေတယ်။ သူ့မိသားဆန္ဒအရ ဘန်ကောက်
ဆေးရုံ တက်ချင်တယ်ဆို စီစဉ်ပေးထားပါတယ်။ ကျန်းမာစောက်ရှောက်မှု လေယာဉ်ကို စီစဉ်ပေးထား တယ်။ 

အသက်အန္တရာယ်မစိုးရိမ်ရဘူး၊ စကားပြောနိုင်တယ်"ဟု ယင်းကဆိုသည်။

ထိုင်းလေယာဉ်မှူးအား အောက်တိုဘာ ၈ရက် နံနက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လန်ဆာထုကျေးရွာသို့ ဒေသခံ ရဝမ်လူမျိုးများ၏ အကူအညီဖြင့် ခေါ်ဆောင်ခဲ့ သည်။ 

ထိုမှတစ်ဆင့် ပူတာအိုတွင် ဆေးကုသမှု ခံယူပြီး ညပိုင်းတွင် လေယာဉ်ဖြင့် ရန်ကုန်သို့ ခေါ်ဆောင်လာ ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List