Friday, October 10, 2014

မဖြူနှင်းထွေးကို ပုဒ်မကြီးတပ် အမိန့်ချရန် ကြိုးစားခြင်းသည် နိုင်ငံပုံရိပ်ကို ဆိုးရွားစေသည်ဟုဆို


ဗကသအဖွဲ့ဝင် ကျောင်းသူ မဖြူနှင်းထွေးကို ပုဒ်မကြီးတပ် အမိန့်ချမှတ်ရန် ကြိုးစားခြင်းသည် နိုင်ငံပုံရိပ်ကို ဆိုးရွားစေသည်ဟု ဆရာကြီး သခင်ကိုယ်တိုင်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။

မဖြူနှင်းထွေးကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန် ဆရာကြီး သခင်ကိုယ်တိုင်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က အောက်တိုဘာလ ၉ ရက်က သဘောထား ထုတ်ပြန်ခဲ့သည်။

“မဖြူနှင်းထွေးကို ကြီးမားတဲ့ ပုဒ်မတွေတပ်လိုက်ခြင်းဖြင့် ထောင်ချဖို့ကြိုးစားတာက လက်ရှိမြန်မာပြည်ရဲ့ သွားနေတဲ့ အခြေအနေကို ဆိုးဆိုးရွားရွား ထိခိုက်လာနိုင် တယ်လို့ ယုံကြည်တဲ့အတွက် ဒီကြေငြာချက်ကို ထုတ်ဖြစ်တာဖြစ်ပါတယ်” ဟု ဦးထွန်းဝင်းငြိမ်းက ပြောသည်။

မဖြူနှင်းထွေးဖမ်းဆီးခံထားရမှုနှင့် ပတ်သက်၍ ဗမနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ၏ သဘောထား ထုတ်ပြန်ချက်ကို ထောက်ခံခြင်း၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ပြဿနာကို သက်ဆိုင်သူများပါဝင်ပြီး တရားမျှတပွင့်လင်းစွာ စားပွဲဝိုင်းတွင် ဆွေးနွေးဖြေရှင်းရန် စသည့် အချက်များကို ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List