Tuesday, October 07, 2014

တောင်-မြောက် ကိုရီးယား ၂ နိုင်ငံ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲ ပြန်စမည်


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်းဟေးက မြောက်ကိုရီးယားနဲ့ နှစ်နိုင်ငံ ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲ ပြန်စဖို့ သဘောတူခဲ့ကြပြီး ပုံမှန် ဆွေးနွေးသွားဖို့ ဆန္ဒရှိတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က မြောက်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားကို လည် ပတ်ခဲ့ပြီးနောက် သဘောတူညီမှုရခဲ့တာလို့ တောင်ကို ရီးယားသမ္မတက ပြောပါတယ်။

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က တောင်ကိုရီးယားဘက်ကို လာဖို့ ၂၄ နာရီပဲ ကြိုတင် အသိပေးခဲ့ တယ်လို့ သမ္မတ ပတ်ဂွန်းဟေးက ပြောပါတယ်။

ဒါဟာ ကိုရီးယား နှစ်နိုင်ငံကြားမှာ ဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းရေးရမယ့် အခွင့်အလမ်း ဖြစ်သင့် တယ်လို့ သမ္မတ ပတ်က ပြောပါတယ်။

အဆင့်မြင့်အရာရှိတွေအချင်းချင်းကြားက ဆက်ဆံရေးလမ်းကို ဆက်ဖွင့်ထားပြီး ပုံမှန် ဆွေးနွေးပွဲတွေကတ ဆင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် အခြေခံတွေက ချမှတ်နိုင်အောင် လုပ်ရမယ်လို့ သမ္မတ ပတ်က ပြောပါတယ်။

နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲကို အောက်တိုဘာနှောင်းပိုင်း ဒါမှမဟုတ် နိုဝင်ဘာ ဆန်းပိုင်းမှာ ပြန်စဖို့ တောင်ကိုရီးယားသမ္မတက ကြိုးစားနေ တာပါ။

အောက်တိုဘာ ၆ ရက်နေ့မှာတော့ တောင်ကိုရီးယားဘက် ပြန်လည်ပေါင်း စည်းရေး ၀န်ကြီးက ကိုရီးယား စစ်ပွဲကြောင့် ကွဲကွာသွားတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ဆွေးနွေးချင်တယ်လို့ ပြောခဲ့ပါတယ်။

မိသားစုတွေ ပြန်လည်ပေါင်းစည်းရေးဟာ အရေးအကြီးဆုံးနဲ့ ထိပ်ဆုံးဦးစားပေး ကိစ္စဖြစ်တယ်လို့ ပြန်လည်
ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူကလည်း ပြောပါတယ်။

၁၉၅၀ ကနေ ၁၉၅၃ အထိ ကိုရီးယားစစ်ပွဲ ဖြစ်ခဲ့ပြီးနောက် ၁၉၈၅ မှာ ကွဲကွာနေ တဲ့ မိသားစုတွေ  အစော ဆုံး တွေ့ဆုံခွင့်ရခဲ့ပြီး အခုအထိ ကွဲကွာနေတဲ့ မိသားစုပြန်လည်တွေ့ဆုံတဲ့ အကြိမ်ပေါင်း ၁၉ ကြိမ် ရှိပါပြီ။

နောက်ဆုံး တွေ့ဆုံမှုက ဖေဖော်ဝါရီလက ဖြစ်ပြီး နှစ်ဖက်တပ်တွေ အလုံးအရင်းချထားတဲ့ နှစ်နိုင်ငံနယ်စပ် ရဲ့ မြောက်ပိုင်းဒေသမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ကွဲကွာနေတဲ့ မိသားစုတွေဟာ အသက်အရွယ်ကြီးနေပြီ ဖြစ်လို့ လူသားချင်းစာနာတဲ့ အနေနဲ့ ဒီလို တွေ့ဆုံ မှုမျိုးကို အရေးတကြီး ပုံမှန်လုပ်သွားဖို့ တောင်ကိုရီးယား ဘက်က လိုလားနေတာပါ။

DVB

No comments:

Post a Comment

My Blog List