Tuesday, October 07, 2014

အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီလမ်းကြောင်းကြားမှ အခက်အခဲများကို အင်ဒိုနီးရှား သမ္မတသစ်က ဘယ်လိုဖယ်ရှားနိုင်မလဲ


အင်ဒိုနီးရှားနိုင်ငံရဲ့ ရှေးဟောင်းဝါဒစွဲ သြဇာအရှိန်အဝါရှိသူ စစ်ဗိုလ်ဟောင်း တွေနဲ့ စီးပွားရေးလက်ဝါးကြီး အုပ် ခရိုနီအုပ်စုတွေဟာပြီးခဲ့တဲ့ အင်ဒိုနီးရှား သမ္မတရွေး ကောက်ပွဲမှာအထိနာခဲ့ကြပါတယ်။ အာဏာရှင် စနစ်ထူ ထောင်လိုတဲ့ ပါတီခြောက်ခုကသမ္မတရွေးပွဲရှုံး ပရာဘိုဝို ဆူဘီယန်တိုကို ထောက်ခံခဲ့ကြပြီး သမ္မတရွေးပွဲဝင်ခဲ့ကြပါတယ်။

နှစ်ပေါင်းများစွာအာဏာရှင်ဆူဟာတိုရဲ့လက် အောက်မှာ အလူးအလိမ့်ခံခဲ့ကြရတဲ့ အင်ဒိုနီးရှားနိုင်ငံ သားတွေဟာ ဆင်းရဲသားဘဝမှတက်လာတဲ့ လူငယ်နိုင်ငံ ရေးသမား ဂျိုကိုဝီဒိုဒိုကို သမ္မတအဖြစ်ရွေးချယ် ခဲ့ကြပါ တယ်။

ရွေးကောက်ပွဲရှုံးတဲ့ စစ်ဗိုလ်ဟောင်းအီလိုက်တစ် စုဟာ အင်ဒိုနီးရှားနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ကဆွဲချဖို့အတွက် သမ္မတကိုလူထုမဲနဲ့ တိုက်ရိုက်ရွေးချယ်မှု ကိုပယ်ဖျက်ပြီး လွှတ်တော်ကသာရွေးချယ်ဖို့ ကြိုးစားလာ ခဲ့ကြပါတယ်။ 

ဒါကြောင့် စက်တင်ဘာ ၂၆ရက်မှာဒေသန္တရ ခေါင်းဆောင်များခရိုင်နဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ ကို လူထုကတိုက်ရိုက်မရွေးချယ်ဘဲ ဒေသပါလီမန်တွေ ကသာရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီစနစ်ဟာ ဆူဟာ တိုလက်ထက်က စနစ်ဖြစ်လို့ အင်ဒိုနီးရှားနိုင်ငံရေးလော ကမှာ လာဘ်ပေးလာဘ်ယူမှုတွေ အထူး များခဲ့ပါတယ်။ ပါလီမန်မှာမဲပေးဆုံးဖြတ်ရာမှာ ဆူဘီယန်တိုရဲ့ မဟာ မိတ်ခြောက်ပါတီက ၂၂၆မဲရရှိခဲ့ပြီး၊ ကန့်ကွက်တဲ့ဘက်က ၁၃၅ မဲသာရရှိခဲ့ပါတယ်။ 

သမ္မတဆူဆီလိုဘန်ဘန်းယုဒ် ဟိုယိုနိုကတော့ သူ့ရဲ့ဒီမိုကရက်ပါတီဝင်တွေကို ကန့်ကွက် မဲပေးဖို့ဆော် သြခဲ့ပေမယ့် ဒီမိုကရက်အမတ်တွေကမဲမ ပေးဘဲ ပါလီမန်ကထွက်သွားကြလို့ တိုက်ရိုက်ရွေးချယ်မယ်ဆို တဲ့အဖွဲ့က ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဘန်ဘန်းယုဒ်ဟုယိုနိုက ဒီပါလီမန်ဥပဒေကိုဗီတိုနဲ့ ပယ် ဖျက်လိုက်ပါတယ်။ ဒါကြောင့်ယာယီအားဖြင့် ရပ်ဆိုင်း သွားပြီလို့ဆိုပါတယ်။

လူငယ်ဒီမိုကရေစီသမ္မတ ဂျိုကိုဝီဟာသူ့ရဲ့အစိုးရကို လာဘ်ပေးလာဘ်ယူ ကင်းစင်တဲ့ အစိုးရအဖွဲ့ဖြစ် အောင် ဖွဲ့စည်းသွားမယ်လို့ ကြေညာထားပါတယ်။

ရွေးကောက် ပွဲရှုံးနိမ့်တဲ့ ပရာဘိုဝိုဟာမကျေနပ်လို့ အခြေခံဥပဒေခုံ ရုံးမှာ အယူခံဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခြေခံဥပဒေ ခုံရုံးက ဂျိုကိုဝီဒိုဒိုကိုဘဲ သမ္မတအဖြစ် အနိုင်ပေးခဲ့ပါတယ်။ ပရာဘိုဝိုဟာကောက်ကျစ်တဲ့ အကြံအစည်ရှိတဲ့ဗိုလ်ချုပ် ဟောင်းလို့ဆိုပါတယ်။

သမ္မတဟောင်းအာဏာရှင်ဆူဟာ တိုရဲ့သမက်ဖြစ်ပြီး၊ ဆူဟာတိုရဲ့လက်ထက်မှာ အင်ဒိုနီးရှားနိုင်ငံသား တွေကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ညှဉ်း ပန်းခဲ့လို့ လူ့အခွင့်အရေးမှတ်တမ်းမှာ အလွန်ဆိုးရွားစွာ ဖော်ပြ ခံရတဲ့ပုဂ္ဂိုလ်လဲဖြစ်ပါတယ်။ ဒါကြောင့်ယခုသမ္မတ ရွေးကောက်တင်မြှောက်မှုကို ပါလီမန်ကသာရွေးချယ် ခွင့်ရအောင် သူ့ရဲ့မဟာမိတ်ပါတီတွေနဲ့ ပါလီမန်မှာဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားမယ်လို့ဆိုပါ တယ်။

ပြည်သူတချို့ကပရာဘိုဝိုရဲ့ အကြံအစည်ဟာကောက် ကျစ်စဉ်းလဲတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ပရာဘို ဝိုဟာ ယခုပါလီမန်ကိုစတာနဲ့ ဒေသန္တရခေါင်းဆောင် တွေကို လူထုကတိုက်ရိုက်ရွေးချယ်မှုကို ပယ်ဖျက်ဖို့ကြိုး စားလာခဲ့တာဖြစ်ပါတယ်။

တစ်နည်းပြောရရင် အင်ဒိုနီးရှားနိုင်ငံမှာမျိုးဆက် သစ် လူငယ်နိုင်ငံရေး သမားတွေကိုနေရာမပေးဘဲ စစ်ဗိုလ် ဟောင်းတွေရဲ့ အသိုင်းအဝိုင်းကသာ အာဏာကိုဆုပ်ကိုင်ထားဖို့၊ တစ်နည်း အီလိုက် လက်ရွေးစင် လူတစ်စုနဲ့ ခရိုနီလက်ဝါးကြီးအုပ်အရင်းရှင်တစ်စုတို့ရဲ့ အာဏာရှင် ဆူဟာတိုလမ်းစဉ် ကိုလိုက်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံရေးသရုပ်ဟာ တိုးတက်တဲ့ဒီမိုက ရေစီလမ်းကြောင်း လျှောက်လှမ်းလိုသူတွေနဲ့ ရှေးရိုးစွဲ အာဏာရှင်စနစ်ပြန်လည် ထူထောင်လိုသူတွေရဲ့ လွန်ဆွဲပွဲ အဖြစ်လဲမြင်ရမှာ ဖြစ်ပါတယ်။ဂျိုကိုဝီဟာ သာမန်ဆင်း ရဲသားဘဝက ပရိဘောဂစက်ရုံပိုင်ရှင်ဖြစ်လာပြီး စီးပွား ရေးလောကကိုဝင်ရောက်ထိုးဖောက်ခဲ့ တာဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေနဲ့ဆက်သွယ်ပြီး စက်မှုလက်မှုလုပ်ငန်းကို ကျယ်ပြန့်အောင်လုပ်နိုင်တဲ့ ဇွဲရှိတဲ့သူလဲ ဖြစ်ပါ တယ်။

အင်ဒိုနီးရှားကာကွယ်ရေးတက္ကသိုလ်က ယိုဟာနေ ဆူလေမန်ကဂျိုကိုဝီမှာ နောက်ခံထောက်ပံ့ပေးသူမရှိ၊ အပေါင်းအသင်းလဲနည်းတယ်။ ဒါပေမဲ့ လက်ရွေးစင်ဗိုလ် ချုပ်တွေရဲ့ အီလိုက်အုပ်စုကို ရိုက်ချိုးနိုင်သူဖြစ် တယ်။ ယ ခုလိုဖြစ်ရတာဟာ လူထုရဲ့တိုက်ရိုက်ရွေးချယ်ခွင့်ရလို့ဘဲ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပရာဘိုဝိုဟာ သူရှုံးနိမ့်ကြောင်းခုံရုံးက ဆုံးဖြတ်ပြီး တဲ့နောက် ပြည်သူလူထုကိုစော်ကားမယ့် လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တယ်။ ဂျိုကိုဝီရဲ့သမ္မတသက်တမ်းတစ် လျှောက်မှာ သူကပါလီမန်နှစ်ခုမှာ အမတ်အများစုနဲ့ဂျို ကိုဝီရဲ့ဥပဒေပြုမှုတွေကိုပယ်ချမယ်။ ဂျိုကိုဝီထောက်ခံ သူတွေကို ဆန့်ကျင်သွားမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပရာ ဘိုဝိုရဲ့လုပ်ရပ်တွေဟာ အင်ဒိုနီးရှားနိုင်ငံအတွက်မလုပ် သင့်ဘူးလို့ သူ့ကိုထောက်ခံတဲ့ပါတီတစ်ခုမှ ခေါင်းဆောင် တစ်ဦးက ပြောခဲ့ပါတယ်။

သမ္မတရာထူးလက်ခံမှုကို အောက်တိုဘာ ၂ဝရက် မှာပြုလုပ်ပါလိမ့်မယ်။ ဒီကာလမတိုင်ခင်မှာ ဂျိုကိုဝီဟာသူ့ ရဲ့အစိုးရအဖွဲ့ထဲမှာပါဝင်ဖို့ အတိုက်အခံတွေကိုစည်းရုံး ပါလိမ့်မယ်။ ဒီလိုဖြစ်လာခဲ့ရင် ဗိုလ်ချုပ်ကြီးဟောင်းပရာ ဘိုဝိုရဲ့မဟာမိတ်တွေထဲက တချို့တစ်ဝက်ပဲထွက်လာ မှာဖြစ်လို့ ဂျိုကိုဝီအတွက်အကောင်းဘက်သို့ရောက်သွား နိုင်တယ်လို့ ဝေဖန်မှုတွေလဲရှိနေကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီဘက်တော်သား တက်လူသမ္မတသစ် ဂျိုကိုဝီဒိုဒိုဟာမဆုတ်မနစ်သောဇွဲ ရှိသူဖြစ်လို့ သူ့ရဲ့သမ္မတသက်တမ်းကို အချည်းနှီးအကုန် ခံမှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲကတိအတိုင်း လာဘ် ပေးလာဘ်ယူကင်းတဲ့ အစိုးရအဖွဲ့ကို ပထမဆုံးဖွဲ့စည်း ပြီး၊ အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေ နဲ့ အရင်းရှင် လက်ဝါးကြီးအုပ်တွေရဲ့ အကြားမှာဖြစ်ပေါ်နေတဲ့ အကျင့် ပျက်ခြစားမှုတွေကို ဖော်ထုတ်ပါလိမ့် မယ်။ 

ပါလီမန်ထဲ ကရသမျှအတိုက်အခံတွေကိုဖဲ့ယူပြီး နိုင်ငံအကြီးအကဲ ကိုတိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့ စနစ်ကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားပါလိမ့်မယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ နုနယ်သေးတဲ့ ဒီမိုကရေစီ လမ်းကြောင်းဟာ အာဏာရှင် အရိုးစွဲနေတဲ့ ဗိုလ်ချုပ်ဟောင်းအီလိုက်တစ်စုရဲ့ ခြယ်လှယ် မှုအောက် ကိုရောက်မသွားသင့်ပါဘူး။ ဂျိုကိုဝီနဲ့ဒီမိုကရေ စီဘက်တော်သားတွေက ဒီမိုကရေစီလမ်းကြောင်းမှန်အ တိုင်း အင်ဒိုနီးရှားနိုင်ငံကို လျှောက်လှမ်းနိုင်အောင်ကြိုး စားပါလိမ့်မယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List