Friday, October 10, 2014

ဟောင်ကောင် အစိုးရက ဆန္ဒပြသူများနှင့် ဆွေးနွေးရေးကို ဖျက်သိမ်း


ဆန္ဒပြသူများက မြို့တော်အတွင်း ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ထုတ်ပြန်ပြီးနောက် ဟောင်ကောင်အစိုးရက ဆန္ဒပြသူများနှင့် ဆွေးနွေးမည့်အစီအစဉ်ကို အောက်တိုဘာ ၉ ရက်တွင် ဖျက်သိမ်း လိုက်ကြောင်း သိရသည်။

ဆန္ဒပြခေါင်းဆောင်များ၏ ကြေညာချက်သည် ဆွေးနွေးပွဲကို ပျက်ပြားစေကြောင်း ဟောင်ကောင် အစိုးရ အတွင်းရေးမှူးချုပ် ကာရီလန်းက အောက်တိုဘာ ၉ ရက်တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

“စက်တင်ဘာ ၁၀ ရက်မှ စီစဉ်ထားတဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်မလာနိုင်တော့ပါဘူး။ အင် အားထပ်ဖြည့်ပြီး ဆန္ဒပြဖို့ အစီအစဉ်ကြောင့် ဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး။ မြို့တွင်းကနေရာနေမှာ ဥပဒေနဲ့ မလျော်ညီတဲ့ နေရာယူထားမှုတွေကို ရပ်တန့်ဖို့ ပြောလိုပါတယ်” ဟု ကာရီလန်းက ပြောကြားသည်။

လန်း၏ ဆုံးဖြတ်ချက်အပေါ် မိမိတို့ စိတ်ပျက်မိကြောင်း ဟောင်ကောင်ကျောင်း သားများ အဖွဲ့ချုပ် (HKFS) က ကြေညာခဲ့သည်။

“HKFS အနေနဲ့ အစိုးရနဲ့ ဆွေးနွေးဖို့ကို လိုလားပါတယ်။ ဒီလိုဆွေးနွေးမှုဟာ နိုင်ငံရေးပြဿနာကို ပြေလည် စေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်” ဟု အဆိုပါအဖွဲ့၏ ဖေ့စ်ဘွတ်တွင် ဖော်ပြ ထားသည်။

Ref:CNA

No comments:

Post a Comment

My Blog List