Tuesday, October 07, 2014

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့အတွက် မကွေးမြို့မှ အလှုငွေ ၁၇ သိန်းကျော်ရရှိ


ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မွေးနေ့အခမ်းအနားအတွက် လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း ဂီတ ဖျော်ဖြေ ရေးအဖွဲ့က မကွေးတိုင်းဒေသကြီး မကွေး မြို့တွင် ရန်ပုံငွေဂီတပွဲကျင်းပရာမှ ရရှိသည့် အလှုငွေ ၁၇ သိန်းကျော်ကို အခမ်းအနားကျင်းပရေးကော်မတီထံ လွှဲပြောင်းပေးအပ်သွားမည်ဟု သိရှိရသည်။

''ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက် ပြည်သူတွေထည့်ဝင်ကြမယ့်ရန်ပုံငွေတွေ ကို စနစ်တကျထိန်းသိမ်းပြီး ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလဆယ့်သုံးရက်နေ့မှာ နတ်မောက်မြို့မှာပြုလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေးအတွက် သုံးစွဲသွားမှာပါ''ဟု ''လွတ် လပ် ငြိမ်းချမ်းပန်းရဲ့လမ်းလူမှုကွန်ယက်''ဂီတဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင် ကိုသားထွေးက ပြောသည်။

ရန်ပုံငွေရှာဖွေရေး ဂီတပွဲကျင်းပရာတွင် အခက်အခဲတစ်စုံတစ်ရာမကြုံတွေ့ရဘဲ အဆင်ပြေချောမွေ့ခဲ့သည် ဟု ၎င်းထံမှ သိရသည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ဒုက္ခသည်များ အတွက် ယခုကဲ့သို့ ရန်ပုံငွေ ရှာဖွေခဲ့စဉ်က လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်ဂီတဖျော်ဖြေရေးအဖွဲ့အား ကူညီခဲ့သည့် မြို့ခံ တစ်ဦးဖြစ်သူ ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)မှ ဦးမောင်မောင်စိုးအား အသံချဲ့စက်၊ပွဲမိန့် အသုံးပြုမှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈)၊ (၂၁)တို့ဖြင့်

တရားစွဲဆိုခံခဲ့ရသဖြင့် ယင်းကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

''ရန်ကုန်ကလာတဲ့ပန်းရဲ့လမ်းအဖွဲ့က အင်အားက ၂၀လောက်ပါလာပါတယ်။ မီးသတ်ဦးစီးမှူးရဲ့ ထောက်ခံ ချက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ထောက်ခံချက်၊မြို့နယ် စည်ပင်အမှုဆောင်အရာရှိရဲ့ထောက်ခံချက် တွေ အကုန် ယူပေးထား တာကြောင့် ဒီတစ်ခေါက်ကတော့ အားလုံးအဆင်ပြေပါတယ်''ဟု လွတ်လပ်ငြိမ်း ချမ်းပန်းရဲ့ လမ်းလူမှုကွန်ယက်ဂီတဖျော်ဖြေရေးအဖွဲ့အား ကူညီခဲ့သည့် မြို့နယ်NLD ပါတီဥက္ကဌ ဦးစိုးမိုးကပြောသည်။

အဆိုပါ ဂီတဖျော်ဖြေရေးအဖွဲ့သည် အောက်တိုဘာ(၂)ရက်နေ့တွင် မကွေးမြို့သို့ရောက်ရှိကာ (၃)ရက်နေ့ တွင် မင်းဘူး(စကု)မြို့၊(၄)ရက်နေ့တွင်ရေနံချောင်းမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်းသိရပြီး ခရီးစဉ် တလျှောက် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ် ၂၀၁၅ခုနှစ်၊ ပြက္ခဒိန်များ၊တီရှပ်များ၊ ပင်နီ လွယ်အိတ် များကိုလည်းရောင်း ချခဲ့ပြီး မကွေးမြို့မှ အလှူငွေ  ကျပ်(၁,၇၈၂,၆၀၀) ရရှိခဲ့ကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List