Thursday, October 09, 2014

ကျန်းမာရေးဝန်ထမ်းများအကြား အီဘိုလာ ကူးစက်ပြန့်ပွါးမှု ပိုဖြစ်လာနိုင်ကြောင်း WHO သတိပေး


ကျန်းမာရေးဝန်ထမ်းများအကြားတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွါးမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း နှင့် ခေတ်မီ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များရှိကြသည့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် ကျန်းမာရေးဝန်ထမ်းများ အကြား အီဘိုလာ ကူးစက်ပြန့်ပွါးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထင်ရှားသော အရာရှိ တစ်ဦးက သတိပေးလိုက်သည်ဟု အောက်တိုဘာ ၈ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ပါမောက္ခ ပီတာပိုင်းရပ်ထ်က စပိန်သူနာပြုတစ်ဦး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံ ရခြင်းကို မအံ့သြကြောင်း ပြောကြားခဲ့သည်။ ထို စပိန်သူနာပြုမှာ အနောက်အာဖရိကဒေသ၏ အပြင်ဘက်တွင်နေထိုင်ရင်း အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခြင်းခံရသည့် ပထမဆုံးသူ ဖြစ်လာသည်။

မက်ဒရစ်တွင် အီဘိုလာကြောင့် ကွယ်လွန်သွားခဲ့ရသော စပိန် သာသနာပြုနှစ်ဦးအား သူမက ပြုစုစောင့် ရှောက် ပေးခဲ့ခြင်း ဖြစ်သည်။ သာသနာပြုနှစ်ဦး အနောက်အာဖရိကမှ ပြန်ရောက်လာခဲ့ကြပြီးနောက်၊ မီဒီယာသတင်းများက ထရေဇာရိုမာရို ဟု ဖော်ပြထားကြသော သူနာပြုက ပြုစုစောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။

စပိန်နိုင်ငံ၏ မြို့တော်တွင် ယခုအခါ သူမအား သီးသန့်ခွဲခြားထားရှိထားကာ၊ သူမ၏ ခင်ပွန်း နှင့် စပိန်ရှိ အခြား လူ ၅၀ အား ရောဂါကူးမကူး သိရှိနိုင်ရေး အတွက် စောင့်ကြည့်လျက်ရှိသည်။ ယခု အီဘိုလာကပ် ကြောင့် ကမ္ဘာအဝှမ်းတွင် လူပေါင်း ၃၄၀၀ ခန့် သေဆုံးခဲ့ရပြီ ဖြစ်သည်။သေဆုံးသူအများစုမှာ ဂီနီ၊ ဆီယာ ရာလီယွန် နှင့် လိုက်ဘီးရီးယားတို့မှ ဖြစ်ကြသည်။

အီဘိုလာ ကူးစက်ပြန့်ပွါးမှု အပြင်းထန်ဆုံးသော နိုင်ငံများ ဖြစ်ကြသည့် လိုက်ဘီးရီးယား၊ ဂီနီ နှင့် ဆီရီယာ လီယွန် နိုင်ငံများ၏ ချွတ်ခြုံကျနေသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်များအား  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အီဘိုလာဗိုင်းရပ်စ် ကပ်ရောဂါအသွင် စတင်ကူးစက်ပြန့်ပွါးစဉ် ကတည်းက အလေးထား ထောက်ပြ ပြောဆိုခဲ့ကြောင်း ဂျီနီဗာရှိ ဘီဘီစီသတင်းထောက် အင်မိုဂျန်ဖော့လ်ခ် က ဆိုသည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List