မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းနေသည့် ပြည်ပလေကြောင်းလိုင်း ၂၆ လိုင်းအထိ ရှိလာပြီး၊ ယင်းလေကြောင်းလိုင်းများတွင် စရိတ်နည်းလေကြောင်း လိုင်း ခုနစ်ခုပါဝင်ကြောင်း လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအချက်လက်များအရ သိရသည်။
အဆိုပါ စရိတ်နည်းလေကြောင်းလိုင်း ခုနစ်ခုမှာ Golden Myanmar Airlines၊ Thai Air Asia၊ Air Asia Berhad၊ Jet Star Asia၊ Nok Air၊ Nok Mini Air၊ Tiger Airways တို့ဖြစ်ကြောင်း သိရသည်။
ယင်းစရိတ်နည်း လေကြောင်းလိုင်းများမှအပ ကျန်လေကြောင်းလိုင်း ၁၉ လိုင်းမှာ ဝန်ဆောင်မှုအပြည့်ပေး နေသည့် လေကြောင်းလိုင်းများဖြစ်သည်။
အဆိုပါ ပြည်ပလေကြောင်းလိုင်းများအပြင် ပြင်သစ်နှင့်နယ်သာလန် စသည့်ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံ နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမှုများ လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင်နိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
“ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ လေကြောင်းသဘောတူ စာချုပ်တွေကို ပြင်ဆင်ချုပ်ဆို ထားပြီးပါပြီ။ လာမယ့် ၂ဝ၁၅ လောက်ကစပြီး တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမှုတွေ စတင်နိုင်မှာပါ။ အခုနှစ်ထဲမှာတော့ အဲ့ဒီ့နိုင်ငံတွေက လေကြောင်းလိုင်းတွေပျံသန်းဖို့ မရှိသေးပါဘူး” ဟုလေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် လေကြောင်းသဘော တူစာချုပ်ကို ပြင်ဆင်ချုပ်ဆို သည့် စာချုပ်မူကြမ်းကို ၂ဝ၁၄ ခုနှစ် ဇွန်လ၌ လည်းကောင်း၊ နယ်သာလန်နိုင်ငံနှင့် ချုပ်ဆိုထားသည့် လေကြောင်းသဘော တူစာချုပ်ကို ပြင်ဆင်ချုပ်ဆိုရန် ဩဂုတ်လအတွင်း၌လည်းကောင်း ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၌ အဆိုပါနိုင်ငံများမှ တာဝန်ရှိသူ များနှင့် ဆွေးနွေးခဲ့ပြီးဖြစ် သည်။
ပြင်သစ်နှင့် မြန်မာနိုင်ငံကြား ချုပ်ဆိုထားသည့် လေကြောင်းသဘောတူစာချုပ်အား ခေတ်နှင့်လျော်ညီသည့် စာချုပ်အဖြစ် ပြင်ဆင်ချုပ်ဆိုမည်ဖြစ်သည့်အတွက် နှစ်နိုင်ငံ လေကြောင်းလိုင်းများအနေဖြင့် တစ်ပတ်လျှင် ခုနစ်ကြိမ် ပျံသန်းခွင့်ရ ရှိမည်ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment