Thursday, October 02, 2014

ဟာ့ဂ်ျဝတ်ပြုသူများကို လက်ခံပြင်ဆင်ရေး ဆော်ဒီတွင် လုံခြုံရေးတိုးမြှင့်


သန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင် ၀တ်ပြုသူတွေကို မက္ကာမြို့မှာ လက်ခံရေး ပြင်ဆင်တဲ့အနေနဲ့ ဆော်ဒီအာ
ရေဗျနိုင်ငံတလွှား လုံခြုံရေးကို အဆင့်မြင့် တပ်လှန့်ထားပါတယ်။ မက္ကာနဲ့ ဂျက်ဒါမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမှာတော့ လုံခြုံရေးအရာရှိတွေက သင့်တော်တဲ့ ခွင့်ပြုချက်ပါတဲ့သူတွေကိုပဲ ဝင်ခွင့်ပေးဖို့ ကားတွေကို စစ်ဆေးပါတယ်။

ခွင့်ပြုချက်မပါတဲ့လူတွေကိုတော့ အာဏာပိုင်တွေ လက်ထဲ အပ်တယ်လို့ မက္ကာအတွက် ထိန်းချုပ်ရေးဌာန တပ်မှူး အဗ်ဒူအဇစ် အယ်လ် ဟမ်မဒ်က ပြောပါတယ်။

ဒီနှစ်မှာတော့ ဆော်ဒီအာဏာပိုင်တွေဟာ ခွင့်ပြုချက်စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ လျှပ်စစ်စကင်နာတွေ ကို သုံးခဲ့တာပါ။ စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက သေနတ်သမားတွေက ဆော်ဒီရဲတယောက်ကို နိုင်ငံအရှေ့ပိုင်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အစိုးရမီဒီယာ အက်စ်ပီအေက အစီရင်ခံပါတယ်။

အရင်နေ့ကတော့ ရှီးယားတက်ကြွလှုပ်ရှားသူ တယောက်ကို အသေပစ်သတ်မှု အဲဒီမြို့မှာပဲ ဖြစ်ခဲ့ပါသေး တယ်။

DVB

No comments:

Post a Comment

My Blog List