Friday, October 03, 2014

ကချင်ပြည်နယ်ထဲက သျှမ်းကျေးလက်ဒေသခံများ ဆက်ကြေးကောက်ခံနေရမှုကို ကူညီဖြေရှင်းပးစေလို


သျှမ်းပြည်မြောက်ပိုင်းနှင့်ကပ်လျက် ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းရှိ လွယ်ဟိုဆေကျေးရွာအုပ်စု သျှမ်း ရွာ(၁၈)ရွာတွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ဆက်ကြေးတောင်းခံနေပါသည်။လယ်ယာမြေ တစ်ဧကကို တစ်နှစ်လျှင် တရုတ်ငွေ ၅၀ ယွမ် (မြန်မာငွေ ရှစ်ထောင်ကျပ်နှင့်ညီမျှ သည်) ၊ခြံထွက် သီးနှံများကို ကားတစ်စီးလျှင် တရုတ်ငွေ ၆၀ ယွမ် (မြန်မာငွေ ကျပ်တစ်သောင်းနှင့်ညီမျှသည်) ကို KIA စစ်တပ်မှ လာရောက်တောင်းခံနေပါသည်။မထည့်မနေရဟုဆိုသဖြင့် ဒေသခံများစွာဒုက္ခတွေ့နေရ ပါသည်။ 

၂၀၁၃ ခုနှစ် နှစ်ကုန်တုန်းကလည်း ကျနော်တို့ သျှမ်းရွာ(၁၈) ရွာလုံးရှိ တစ်အိမ်ထောင်စုလျှင် KIA စစ်တပ် ထောက်ပံဖို့အတွက် သုံးသောင်းကျပ်ထည့်ရတယ်၊ မထည့်ရင် နေထိုင်စားသောက်ခွင့် မပြု ဟု KIA က ခြိမ်းခြောက်ပြောခဲ့ပါ သည်။

၂၀၁၄ ခုနှစ် ဧပြီလကလည်း မြန်မာအစိုးရစစ်တပ်မှ လွယ်ဟိုဆေ ကျေးရွာအုပ်စုထဲရှိ KIA စစ်တပ်ကို တိုက် ထုတ်ခဲ့ပြီးဖြစ်သော်လည်း အရပ်ဝတ်ဖြင့် KIA စစ်တပ်မှ တပ်သားများ ယနေ့တိုင် နေ့စဉ် ခြံထွက်သီးနှံ အခွန် များကို တရုတ်ပြည် နောင်တောင်းမြို့ သွားရာလမ်းတွင် လာရောက်ကောက်ခံနေပါ သည်။ 

ကျနော်တို့ ဒေသမှာ KIA စစ်တပ် မရှိတော့လို့ ဆက်ကောက်မပေးရတော့ဘူး ဆိုပြီး ၀မ်းသာလို့ မပြီးသေး ဘူး။ အရပ်ဝတ် စစ်သားများ က ဆက်ကြေးများ လာရောက်တောင်း ခံပြန်ပါတယ်။ ကျနော်တို့က သူတို့ကို ခုခံဖို့နက်လက် မှမရှိတာ သူတို့ တောင်းသမျှတော့ ပေးနေ ရတာဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးအချိန် ကခုချိန်ထိဘဲဖြစ်ပါသည်။ 

လွယ်ဟိုဆေကျေးရွာအုပ်စု သည် ရွာပေါင်း (၁၈) ရွာရှိပြီး ရွာကြီးလျှင် အိမ်ခြေ ၂၀၀ မှ ၃၀၀ ၊ရွာငယ်လျှင် အိမ်ခြေ ၁၀၀ ကျော်ရှိပါသည်။ KIA ၏ တပ်မဟာ (၃) စစ်ဒေသလည်းဖြစ်ပြီး ထိုဒေသတွင် အများစုမှာ သျှမ်းလူမျိုးများဖြစ်ကြ ပါသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA စစ်တပ်ထံမှ ဆက်ကြေးပေးဆောင် ရသော လွယ်ဟိုဆေကျေးရွာ အုပ်စုမှာ မန့်မြိုင်၊ ဟင်လုံ၊ ဟန်ကမ်း၊ မန့်စန့်၊ နမ့်ဟီး၊ နောင်စွမ်း၊ နောင်လုတ်၊ နောင်နုံ၊ မန့်ဟွေ့၊ မန့်မွမ်း၊ ပန်ကောင်းမူး ၊ဟိုဟင်၊ ဖာဆန့်၊ ကွတ်လုံ၊ ပန်ခမ်း၊ ကုန်းခမ်း၊ လားလုံနှင့် နောင်မွန်း စသည့်ကျေးရွာ များဖြစ်ကြသည်။

မန့်ဝိန်းကြီးသား တဦး
Panglong(Burmese)

No comments:

Post a Comment

My Blog List