Friday, October 03, 2014

ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းနိုင်ငံရေးအင်အားစုများ ဘန်ကောက်မြို့တွင် ဆွေးနွေး


ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းနိုင်ငံရေးပါတီများမှ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂ ရက်မှ စတင်ကာ သုံးရက်ကြာပြုလုပ်နေသည်။ရှမ်းတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဖြစ်သော  ရှမ်းပြည် တိုးတက်ရေးပါတီ၊   ရှမ်းပြည် တပ်မတော် (SSPP/SSA) ရှမ်း  ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ရှမ်းနိုင်ငံရေး ပါတီများဖြစ် ကြသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့ မှ ထိပ်သီးခေါင်းဆောင်များတွေ့ ဆုံနေကြခြင်းဖြစ်သည်။ 

ရှမ်းနိုင်ငံ ရေးအင်အားစုများ၏ ယခုတွေ့ဆုံမှုမှာ လက်နက်ကိုင်အဖွဲ့အချင်းချင်းကြားနှင့် ပါတီအချင်းချင်း ကြားပြဿနာများကိုဝိုင်း ဝန်းဖြေရှင်းရေးနှင့် စည်းလုံးညီညွတ်ရေး အတွက် ရည်ရွယ်ကြောင်းသိရသည်။

‘‘NCA (တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်)နဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အကြောင်း ဆွေးနွေးမှုလည်း ပါကောင်းပါနိုင် ပါတယ်။ NCA ရေးထိုးဖို့ကိစ္စက အခုပြီးခဲ့တဲ့ဆွေးနွေးပွဲဟာ အရင့် အရင်ဟာနဲ့ယှဉ်ရင် တိုးတက်မှုမရှိဘူး။ နောက်ပြန်ဆုတ်နေတယ် လို့ ခန့်မှန်းကြတာလည်းရှိနေတယ်။ အဲဒီအတွက် လက်နက် ကိုင်အဖွဲ့တွေ ဘာတွေရင်ဆိုင်နေရလဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆို တာတွေလည်း ဆွေးနွေးဖြစ် ကြဖို့ ရှိတယ်’’ဟု SNLD မှ ပြန်ကြားရေး တာဝန်ခံဦးစိုင်းလိတ်ကပြောသည်။

SNLD ပါတီမှ ဦးခွန်ထွန်းဦး နှင့် အတွင်းရေးမှူးဦးစိုင်းညွန့်လွင် တို့ အစည်း အဝေးတွင်တက် ရောက်နေကြ သည်။ ရှမ်းအင် အားစုခေါင်းဆောင်များ ယခုတွေ့ဆုံမှုမှာ နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံးအကြိမ် အဖြစ် ပေါင်းစည်းဆုံတွေ့မှုဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကိုသုံးသပ်ခြင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရေးအပေါ် ဆွေးနွေးခြင်း၊ရွေးကောက်ပွဲဥပဒေနှင့်ပတ် သက်၍ အဆိုတင်သွင်းထားသည့် ပြင်ဆင်ချက်များကို ဆွေးနွေးခြင်း၊လက်နက်ကိုင်နှစ်ဖွဲ့စလုံးနှင့် ပါတီနှစ်ပါတီစလုံး မဟာမိတ်ဖွဲ့ ရေးတို့ကို ဆွေးနွေးခြင်း စသည်တို့ကို ဘန်ကောက်အစည်းအဝေး၌ အဓိကထားဆွေးနွေးကြရန်   ရှိ ကြောင်းသိရသည်။

ရှမ်းနိုင်ငံရေးပါတီ နှစ်ပါတီအနက် SNLD ပါတီမှာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ မဲအများဆုံးဒုတိယရရှိခဲ့သည့်ပါတီ ဖြစ်သည်။ ပါတီဥက္ကဋ္ဌဦးခွန်ထွန်း ဦးမှာ ၉၀ ပြည့်ရွေးကောက်ပွဲ နောက်ပိုင်း ဖွဲ့စည်းခဲ့သည့် ညီ ညွတ်သောတိုင်းရင်းသားလူမျိုး များမဟာမိတ် (UNA)၏သြဇာ ကြီးမားသည့် ဦးဆောင်သူလည်း ဖြစ်သည်။

ကျားဖြူပါတီ(ခေါ်) SNDP ပါတီကို ဦးစိုင်းအိုက်ပေါင်း ဦး ဆောင်၍ ၂၀၁၀ ရွေးကောက်ပွဲ၌ စတင်ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး  မဲဆန္ဒ နယ် (၅၇)နေရာအောင်နိုင်၍ လွှတ်တော်ထဲတွင် ကိုယ်စားလှယ်တတိယအများဆုံး အင်အားစုဖြစ် လာခဲ့သူဖြစ်သည်။ လက်ရှိတွင် ယင်းပါတီနှစ်ခုပေါင်းစည်းရေးကို ကြိုစားနေဆဲဖြစ်သည်။

ရှမ်းလက်နက်ကိုင်အဖွဲ့နှစ် ခုဖြစ်သော RCSS (တောင်ပိုင်း) နှင့် SSPP (မြောက်ပိုင်း)တို့မှာ ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးထား သည့်အဖွဲ့များဖြစ်ကြပြီး ပြည် ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်သည့် အဆင့်သို့ရောက်ရှိထားကြ၏။ SSPP မှာ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်ဖြစ်ပြီး   ညီညွတ်သော တိုင်းရင်းသားလူမျိုးများ   ဖက်ဒ ရယ်ကောင်စီ  (UNFC)အဖွဲ့ဝင် လည်းဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးပန်ဖဦး ဆောင်သည့် SSPP ၌ ခန့်မှန်း အင်အား ၄,၀၀၀ နှင့်အထက်ရှိ ကြောင်း မြန်မာ့ငြိမ်း ချမ်းရေးဖြစ် စဉ်ကိုစောင့်ကြည့်လေ့လာသည့် Myanmar Peace Monitor ၏ စစ်တမ်းကဆိုသည်။ ရှမ်းပြည် နယ်ရှိ နမ့်ခမ်း၊ လန်ခို၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရှူး၊ တန့်ယန်း၊ မုန်းယိုင်၊ ကျေးသီ၊ လားရှိုးမြို့ နယ်များတွင်လှုပ်ရှားပြီး ရှမ်းပြည် နယ်မြောက်ပိုင်း၊ ကျေးသီးမြို့ နယ်ဝမ်ဟိုင်းတွင် ဌာနချုပ်ရှိ သည်။

ဒုဗိုလ်ချုပ်ကြီးယွက်စစ် ခေါင်းဆောင်သည့် RCSS တွင် ခန့်မှန်းအင်အား ၆,၀၀၀ နှင့် အထက်ရှိကြောင်း Myanmar Peace Monitor ၏ စစ်တမ်းကဆို သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲ ချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်း၊ နမ့် ဆမ်ဒေသများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်း ဒေသများတွင် လှုပ်ရှားသည်။ ဌာနချုပ်မှာ ရှမ်းပြည်နယ်တောင် ပိုင်း၊ လွယ်တိုင်းလန်းဒေသဖြစ် ၏။

လက်ရှိတွင် ရှမ်းပြည်နယ်သည် မီးခိုးရောင်နယ်မြေအဆင့် တွင်သာရှိသေးပြီး အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားမှုရှိနေဆဲဖြစ်သည်။ RCSS နှင့် SSPP သည် အပစ် ရပ်ထားပြီး အဖွဲ့များထဲတွင် တိုက်ပွဲများအများဆုံးကြုံတွေ့ရ သည့်အဖွဲ့များဖြစ်ကြ၏။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံရေး မဆွေးနွေးမီ အပစ်အခတ်ရပ်စဲ ရေးကို ထောက် ခံသူနှင့် နိုင်ငံရေး ဆွေးနွေးပွဲများပြီးမှ အပစ်အခတ် ရပ်စဲရေးကိုထောက်ခံသူဟူ၍ သဘော ထားနှစ်ခုရှိခဲ့ရာ RCSS မှာ နိုင်ငံရေးမဆွေးနွေးမီအပစ် အခတ်ရပ်စဲရေးကိုထောက်ခံခဲ့သူ ဖြစ်သည်။ SSPP က ကြားနေ သဘောထားရှိခဲ့သည်။

RCSS, SSPP, SNLD, SNDP နှင့် ဥရောပမြန်မာရုံး (EBO)တို့ ရန်ကုန်မြို့တွင် ယခင်က တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ပြဿနာ များအဖြေရှာနိုင်ရေးဆွေးနွေးခဲ့ ကြပြီး ဖက်ဒရယ်စနစ်ကအရေး ကြီးကြောင်းဆုံးဖြတ် ခဲ့ကြဖူး သည်။ RCSS ခေါင်းဆောင်ဒု ဗိုလ်ချုပ်ကြီး   ယွက်စစ်က  ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ (၁) လက်ရှိငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့် နိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုများ (၂) မြန်မာနိုင်ငံအနာဂတ် အတွက်  ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး (၃) မူးယစ်ဆေးဝါးပြဿနာများဆွေး နွေးခဲ့ကြဖူးသည်။

သမ္မတ၏ မေတ္တာရပ်ခံချက်အရ SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး  ဦးဆောင်ကျင်းပခဲ့သည့် ရှမ်းပြည် နယ်တစ်ခုလုံးဆိုင်ရာညီလာခံမှနေ၍ ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်နယ်ညီညွတ်ရေး ကော်မတီ (CSSU)လည်းရှိ သည်။

7Day News Journal 

No comments:

Post a Comment

My Blog List