Friday, October 03, 2014

IS အဖွဲ့ နှိမ်နင်းရေးမှာ တူရကီ ပါဝင်ဖို့ ခွင့်ပြုချက်ရပြီ


တူရကီနိုင်ငံအနေနဲ့ ​IS ​အစ္စလာမ်မစ်အဖွဲ့ ​တိုက်ခိုက်ရေးမှာ ​နိုင်ငံတကာနဲ့ ​ပူးပေါင်းဖို့ ​တူရကီပါလီမန်က ​အတည်ပြုပေးလိုက်တဲ့အတွက် ​တူရကီအနေနဲ့ ​မကြာခင်မှာ ​ပူးပေါင်းမှု ​လုပ်လာနိုင်ပါတယ်။ဒါဟာ ​နိုင်ငံ တကာ ​မဟာမိတ်အဖွဲ့အတွက် ​အားတက်စရာ ​ကိစ္စဖြစ်ကြောင်း သိရပါတယ်။

အရင်တုန်းကတော့ ​တိုက်ခိုက်မှုမှာ ​မပါဝင်လိုတဲ့ ​တူရကီနိုင်ငံကတော့ ​အခုအခါမှာ ​အသင့်ဖြစ်ပြီလို့ ​ပြောလိုက်ပါတယ်။ ​တူရကီပါလီမန်က ​တူရကီစစ်သားတွေကို ​အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံကို ​ပို့ဆောင်ဖို့ ​အစိုးရကို ​ခွင့်ပြုချက်ပေးလိုက်တာ ​ဖြစ်သလို ​နိုင်ငံခြား ​စစ်တပ်တွေကိုလည်း ​တူရကီစစ်စခန်းတွေကို ​အသုံးပြုခွင့် ​ပေးလိုက်တာပါ။

ဒါပေမဲ့ ​တူရကီ ​အစိုးရကတော့ ​အခုအချိန်အထိ ​ဘယ်ကဏ္ဍမှာ ​ဘယ်လို ​ပါဝင်မလဲ ​ဆိုတာကို ​ပြောဆိုခြင်း ​မရှိသေးပါဘူး။ 

နေတိုးမဟာမိတ်အုပ်စုအဖွဲ့ဝင် ​နိုင်ငံတွေအနေနဲ့ ​ဒီတိုက်ခိုက်မှုမှာ ​ပါဝင်ကြဖို့ ​အနောက်တိုင်းနိုင်ငံတွေက ​ဖိအားပေးတောင်းဆိုလာပြီးနောက်ပိုင်း ​တူရကီ ကလည်း ​ပါဝင်ဖို့ ​စဉ်းစားလာတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​တူရကီနဲ့ ​နယ်စပ်ခြင်း ​ထိစပ်နေတဲ့ ​ဆီးရီးယားနိုင်ငံ ​Kobane ​မြို့မှာ ​IS ​တပ်ဖွဲ့နဲ့ ​Kurdish ​တပ်ဖွဲ့အကြား ​တိုက်ခိုက်မှုတွေ ​ဆက်လက်ဖြစ်ပေါ်နေ တဲ့အတွက် ​အဲဒီနေရာကနေ ​IS ​တွေ ​တူရကီထဲ ​ဝင်လာမှာ ​စိုးရိမ်တဲ့အတွက် လည်း ​တူရကီက ​လုံခြုံရေးတွေ ​တင်းကြပ်စွာ ​ချထားနေရပါတယ်။ ​ 

ABC

No comments:

Post a Comment

My Blog List