Wednesday, October 01, 2014

မြန်မာနိုင်ငံ၏အထင်ကရနေရာများကို လေယာဉ်ဖြင့်ကြည့်ရှုနိုင်မည့် ရှုခင်းကြည့်ခရီးစဉ်များကို အောက်တိုဘာလတွင် မြန်မာ့လေကြောင်းမှ ပျံသန်းမည်



မြန်မာ နိုင်ငံ၏ အထင်ကရနေရာများကို လေယာဉ်ဖြင့် ကြည့်ရှုနိုင်မည့်ရှုခင်း ကြည့်ခရီးစဉ်များကို အောက်တိုဘာ လတွင် မြန်မာ့လေကြောင်းမှပျံသန်း ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၏ အထင်ကရနေ ရာများဖြစ်သည့် ကျိုက်ထီးရိုး၊ ပု သိမ်၊ မော်တင်၊ ငွေဆောင်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ စွယ်တော်လေးဆူ စသည့် နေရာများကို Grand Caravan လေယာဉ်၊ Beech လေ ယာဉ်များဖြင့် ဝေဟင်မှကြည့်ရှုနိုင်ရန် ရှုခင်းကြည့်ခရီးစဉ်များ အောက်တိုဘာ လတွင် ပျံသန်းနိုင်ရန်စီစဉ်လျက်ရှိ ကြောင်း မြန်မာ့လေကြောင်းမှ သိရ သည်။
မြန်မာ့လေကြောင်းမှလက် ထောက်အထွေထွေမန်နေဂျာ(စီး ပွားရေးဌာန) ဦးထင်လင်းက''အများ ပြည်သူတွေ အပျော် စီးနိုင်ဖို့စီစဉ်ပေး မှာပါ။ ကိုယ့်ဒေသကပဲဖြစ်ဖြစ် ဧည့် သည်တွေပဲဖြစ်ဖြစ် လေ့လာနိုင် အောင်၊ အပျော်စီးနိုင်အောင်လို့ စီစဉ် ပြီး အောက်တိုဘာမှာပျံသန်းဖို့စီစဉ် နေပါတယ်''ဟုပြောသည်။

ရန်ကုန်-ကျိုက်ထီးရိုးတစ်ပတ် ရှုခင်းကြည့်ခရီးစဉ်ကို၁ဝယောက်စီး Grand Caravan လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နေ့များတွင် ပုသိမ်၊ မော်တင်၊ ငွေ ဆောင်ကမ်းရိုးတန်းတစ်လျှောက် ရှုခင်းကြည့်ခရီးစဉ်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ စွယ်တော်လေးဆူဘုရား စုံရှုခင်းကြည့်ခရီးစဉ်များကို ချမ်းမြ သာစည်လေဆိပ်အခြေစိုက်ဖြင့် ၁ဝ ယောက်စီး Grand Caravan လေ ယာဉ်၊ ၁၅ယောက်စီး Beech လေ ယာဉ်များဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

ဦးထင်လင်းက''ဒီခရီးစဉ်တွေကို အရင်ကတည်းက ပျံသန်းချင်တာပါ။အဲဒီအတွက် သီးသန့်ပျံသန်းဖို့ လေ ယာဉ်နှစ်စင်း ဝယ်ထားတယ်။ အဆင် သင့်ဖြစ်နေပြီ။ တံတားဦးနဲ့ကျန်တဲ့ မြို့တွေကို ပျံသန်းဖို့စီစဉ်ထားတာ တွေရှိလဲ ရှိတယ်။ လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ခွင့်ပြုချက်ရတာနဲ့စမှာပါ'' ဟု ပြောသည်။ 

အဆိုပါခရီးစဉ်များကို ဒေသခံပြည်သူများ၊ ပြည်တွင်းဧည့်သည်များနှင့် ပြည်ပနိုင်ငံခြားသားဧည့်သည်များအမြင် တစ်မျိုးဖြင့်ခံစားနိုင် ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ခရီသွားလုပ်ငန်းရှင်တစ်ဦးက ''ဒီလိုအမြင်တစ်မျိုးနဲ့စီစဉ်ပေးတာ က အချိန်ကုန်သက်သာတယ်။ မြင်ကွင်းကလဲ တစ်မျိုးပြောင်းသွားမယ်။ Customer တွေအတွက်ကောင်းတယ်။ ပွင့်လင်းရာသီလဲရောက်တော့ မှာမို့ ခရီးသွားတွေ ကြိုက်တဲ့ခရီးစဉ် ဖြစ်လာမှာပါ '' ဟုပြောသည်။

TEEP
Yangon Media Group

No comments:

Post a Comment

My Blog List