Thursday, October 02, 2014

IS တိုက်ခိုက်မှုမှာ ပါဝင်ဖို့ သြစီ မဆုံးဖြတ်ရသေး



သြစတြေးလျနိုင်ငံ လေယာဉ်တချို့ကို အီရတ်နိုင်ငံကို ပျံသန်းဖို့ ညွှန်ကြား ထားပေမယ့် IS အဖွဲ့ တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ မညွှန်ကြားရသေးဘူးလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ်က ပြောပါတယ်။သြစတြေးလျအနေနဲ့ တိုက်ခိုက်မှုမှာ ပါဝင်မှာမဟုတ်ပဲ တိုက်ခိုက်မှုလုပ်နေတဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်ပံ့ကူညီမှု ပေးတာကိုသာ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပါလီမန်မှာ ပြောသွား ခဲ့တာပါ။
သြစတြေးလျ လေယာဉ်တွေက လုံခြုံမှု စောင့်ကြည့်ရေးအလုပ်နဲ့ ဆီကုန်နေတဲ့ လေယာဉ်တွေကို ဝေဟင်ကနေပဲ ဆီဖြည့်ပေးမယ့် ထောက်ပံ့မှု လုပ်ငန်းကိုသာ လုပ်ဆောင်မှာဖြစ်ပါတယ်။

မနေ့တုန်းကပဲ လေယာဉ်တွေကို ဆီဖြည့်ပေးတဲ့ လုပ်ငန်းတွေကို သြစတြေးလျ လေတပ်က ပြုလုပ်ပေးခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ မပါဝင်ဘူးလို့ ပြောဆိုထားတာကြောင့် သြစတြေးလျရဲ့ တိုက်လေယာဉ်တွေကို အီရတ်နိုင်ငံဆီ မပို့ဆောင်သေးဘူးလို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ ပါဝင်ဖို့ အီရတ်အစိုးရရဲ့ တောင်းခံမှုကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး တိုက်ခိုက်မှုမှာ ပါဝင်ဖို့ တောင်းဆို ရင်တောင် ဘယ်လို တိုက်ခိုက်မှုမျိုးလည်း ဆိုတာ အတိအကျပြောပြမှသာ သြစတြေးလျအနေနဲ့ ဒီဝေဟင်တိုက်ခိုက်မှုမှာ ပါဝင်မယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ်က ပြောပါတယ်။

အီရတ်အစိုးရရဲ့ တောင်းဆိုမှုကို လုံခြုံရေးကော်မတီက ဝန်ကြီးအဖွဲ့ကို အရင်တင်ပြပြီးမှသာ ဆုံးဖြတ်ချက်ချမှာ ဖြစ်တဲ့အတွက် ဒီကိစ္စမှာ သြစတြေးလျက သတိထားကြီးစွာ ကိုင်တွယ်နေပြီး သြစတြေးလျအနေနဲ့ IS တပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားလိုကြောင်း ပြသနေပါတယ်။

IS ကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်တဲ့ နည်းလမ်းတစ်ခုတည်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း သြစတြေးလျက ပြောဆိုနေကြောင်း အေဘီစီ သတင်းထောက် Eliza Borrello က သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List