Thursday, October 02, 2014

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ခြေဆစ်နှစ်ဖက်လုံး ဒဏ်ရာရခဲ့ခြင်းကြောင့် ဆေးရုံရောက်နေသည်ဟု ဆို

   
Kim Jong-un သည် ခွဲစိတ်ကုသမှုခံယူခဲ့ပြီးသည့်နောက်ပိုင်း သူ့ခြေဆစ် နှစ်ဖက်လုံး ချိုးခေါက်မိသလိုဖြစ် သွားသည့်အတွက် ယခုအချိန်မှာ ဆေးရုံတက်နေသည့်အကြောင်း မြောက်ကိုရီးယား သတင်းစာ အစီရင် ခံစာတစ်ခုတွင် ဖော်ပြထားပါသည်။

၎င်းမြောက်ကိုရီးယား ခေါင်ဆောင်သည် ပြည်သူလူထု မျက်စိအောက်မှ သမားရိုးကျမဟုတ် ပျောက်ကွယ် သွားခြင်းကြောင့် အတွေးမှန်းဆချက်ဖြစ် လာစေအောင် သုံးပတ်ထက်မကပျောက်နေခဲ့တာဖြစ်ပါသည်။

တချို့ကောလဟာလအရ သူ ဒူလာရောဂါခံစားနေရတာဖြစ်သည်ဟု ပြောဆိုကြပြီး တစ်ချို့ကျတော့ မြောက်ကိုရီးယားအာဏာရှင် အစိုးရအတွင်း အခက်အခဲ တစ်စုံတစ်ခုဖြစ်နေသည့် လက္ခဏာတစ်ခုဟု မှန်းဆထားကြ ပါသည်။ တချို့က သူ Swiss ဒိန်ခဲအစားလွန်သွားတာကြောင့် ရိုးရိုးဖျားခြင်းဖြစ် သည်ဟု ပြောဆိုနေကြသည်။

သို့ပေမဲ့ အင်္ဂါနေ့ မြောက်ကိုရီးယား သတင်းစာ The Chosun IIbo တွင် Kim သည် စက်တင်ဘာလလယ်
လောက်တွင်  မြို့တော် Pyongyang မှာရှိသည့် အစိုးရအရာရှိကြီးများအတွက် ဆေးရုံ Bonghwa Clinic မှာ ခွဲစိတ်မှုခံယူ ခဲ့ခြင်းဖြစ်သည်ဟုဆိုထားပါသည်။

Kim Jong-un သည် လုပ်ငန်းခွင်များတွင် အလည်အပတ်သွားရောက်ရင်း ချော်လဲပြီး ဇူလိုင်လမှာ သူ့ညာ ဘက်ခြေဆစ် ဒဏ်ဖြစ်ခဲ့ရာက ဆေးမကုသခဲ့ သည့်အတွက် နောက်ပိုင်းတွင် ခြေဆစ်နှစ်ဖက်လုံးပါ ကျိုးပဲ့သွားခဲ့တာဖြစ် သည်ဟု ကြားသိရကြောင်း သတင်းအရင်းအမြစ်တစ်ခုတွင် ဖော်ပြထားသည်။

ပွင့်ပွင့်လင်းလင်းဆိုရရင်ဖြင့် Kim အစိုးရ အခြေစိုက်ရုံးများနှင့် စက်ရုံ အလည်ပတ်ခရီးစဉ်အတွင်း Cuban ရှိုးဖိနပ်စီးရာမှာ သူ့ညာဘက်ခြေဆစ်လွဲ သွားတာဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားပါသည်။ ဇူလိုင်လတုန်းက Kim တီဗီထဲထွက်ပေါ်လာတဲ့အချိန်မှာ ထော့ထော့နင်းနင်းဖြစ်နေတဲ့တွေ့ရပြီး ယခု အချိန်ထိ လုံခြုံရေးများရဲ့ တင်းကြပ်စွာစောင့်ရှောက်မှုအောက်တွင် ရှိနေခဲ့ပြီး အစိုးရအရာရှိအချို့ရဲ့ အလည်အပတ်ကြည့်ရှုမှုတွေလည်း ရရှိနေသည်ဟု ဆိုပါသည်။

ကောလဟာလများနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားအစိုးရ မီဒီယာအသံလွင့် ဌာန Korean Central  Television မှ Kim ကျန်းမာရေးမကောင်းကြောင်းနှင့် ကျန်းမာရေးအခြေအနေ မသက်မသာရှိနေကြောင်း သတင်းထုတ်ပြန်သွားသည့် အချက်အလက်များသည် အတည်ဖြစ်မည်ဟု ယူဆရပါသည်။

Source: mashable
Trend Myanmar

No comments:

Post a Comment

My Blog List