Thursday, October 02, 2014

၂ဝ၁၅ရွေးကောက်ပွဲ အောင်မြင်ပြီးစီးရေး အကောင်းဆုံးပြင်ဆင်ထားဖို့လိုဟု ပြည်ထဲရေးဝန်ကြီး ပြောကြား


၂ဝ၁၅ခုနှစ်အတွင်း ရွေးကောက်ပွဲ ကာလအစမှအဆုံးတိုင် တည်ငြိမ်အေးချမ်းချောမွေ့စွာ အောင်မြင်ပြီး စီးရေးကို စိန်ခေါ်မှုအဖြစ် မျှော်မှန်းပြီး အသင့်ဖြစ်အောင်နှင့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့လို ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က ပြောကြားခဲ့သည်။

ယနေ့ အောက်တိုဘာ ၁ရက် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် နေ့အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုဝန်ကြီးမှ ''မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်တွင်းပြည်ပမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ပတ်သက်၍ ပြည်တွင်းပြည်ပမှာ လက်ရှိဖြစ်ပေါ် နေတဲ့အခြေအနေများကို မျက်ခြည် မပြတ်လေ့လာသုံးသပ်ကာ နောင်ဖြစ်ပေါ်လာမည့်အခြေအနေကို မျှော်တွေးပြီး လုံခြုံရေးမကျိုးပေါက်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ 

ဥပမာ-၂ဝ၁၅ခုနှစ်အတွင်း ရွေးကောက်ပွဲကာလ အစမှအဆုံး တိုင်တည်ငြိမ်အေးချမ်းချောမွေ့စွာ အောင်မြင် ပြီးစီးရေးကို စိန်ခေါ်မှုအ ဖြစ်မျှော်မှန်းပြီး အသင့်ဖြစ်အောင်နဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့လို တယ်။ ထို့အတူ လတ်တ လေကာလမှာ မြန်မာနိုင်ငံအပါအ ဝင် ကမ္ဘာတစ်ဝန်း ခြိမ်းခြောက်နေ သော အကြမ်းဖက်မှုအန္တရာယ်နဲ့ပတ် သက်ပြီး မိမိနိုင်ငံလူမျိုးနဲ့ ပြည်သူလူ ထုအပေါ် ဘယ်လိုဘေးအန္တရာယ်မှ မကျရောက်ဖို့နဲ့ ရပ်ရွာအေးချမ်းသာ ယာရေးအတွက် ပြည်တွင်းလုံခြုံမှုကို အပြည့်အဝဆောင်ရွက်ပေးနိုင်ဖို့ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အဘက်ဘက်က ကြိုတင်မျှော်တွေး ပြင်ဆင်ထားကြဖို့ပြောကြား ခဲ့သည်။

ယင်းအပြင် ပြည်သူကို ဗဟိုပြု သော ရဲလုပ်ငန်းစနစ်သို့ အလုံးစုံကူး ပြောင်းရောက်ရှိရေးအတွက် ကြိုး ပမ်းဆောင်ရွက်ကြရာမှာ ပြည်သူလူ ထုက ယုံကြည်စွာအပ်နှံထားတဲ့လုပ် ပိုင်ခွင့်တွေကို ရဲတပ်ဖွဲ့အနေနှင့် ဥပ ဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ပေါ်လွင်အောင် ပြုမူကြရမှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတာ ဝန် ဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှု ရှိအောင် မီဒီယာမှတစ်ဆင့် ပြည်သူလူထုထံ စဉ်ဆက်မပြတ် ပွင့်လင်းစွာ အသိပေးဆောင်ရွက်ကြရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အားနည်းချက်များကို အရှိ ပကတိအတိုင်း ရှုမြင် ဖော်ထုတ်ထောက်ပြလိုတယ်။ 

အထက်အဆင့်ဆင့်က အမိန့်ညွှန်ကြားချက်များ၊စစ်ဆေးကြပ်မတ်မှုများပြုလုပ် နေတဲ့ကြားက လက်အောက် ရဲစခန်းများမှာ ကျင့်ဝတ်အညီပြုမူကျင့်ကြံ ကြရန်လိုအပ်မှု၊ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှု၊ လာဘ်ပေး လာဘ်ယူမှုအပြင် တစ်ဦးချင်းနဲ့ တပ်ဖွဲ့အရည်အသွေးကို ထိခိုက်စေတဲ့ ရဲလုပ်ငန်း ပေါ့လျော့မှုများဟာလဲ ယနေ့တိုင်ဖြစ်ဆဲပဲဖြစ်တယ်။ ဒီအတွက် ရဲတပ်ဖွဲ့ ဝင်တွေရဲ့ ဥပဒေလုပ်ထုံးနဲ့အညီ မဆောင်ရွက်မှု၊ အာဏာ အလွဲသုံးစား မှုများကို လူထုတိုင်ကြားချက်လက်ခံ ခြင်း၊ ဖုန်း Hot Line ထားရှိခြင်း၊ အင်တာနက်၊ Facebook များမှတင် ပြချက်များရယူပြီး စုံစမ်းဖော်ထုတ် အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။ 

ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ဒီအားနည်းချက်များ တပ်ဖွဲ့အတွင်း လုံးဝကင်းစင်အောင် ကိုယ်စီကျင့်သုံး ပြုပြင်ကြ ရမှာဖြစ်တယ်။ ရဲတပ်ဖွဲ့ဝင်များဟာ ရဲလုပ်ငန်းဆောင်ရွက်ရာမှာ ဖိနှိပ်မှုပုံစံနဲ့မသွားဘဲ ထိန်းသိမ်းမှု၊ စီမံ ခန့်ခွဲမှုပုံစံနဲ့သွားနေတာဖြစ်လို့ မိမိတို့လုပ်ဆောင်ချက်အားလုံးကိုလဲ နိုင်ငံတကာစံနဲ့အညီဆောင်ရွက် သွားကြဖို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေတဲ့ ဒီမိုကရေစီရဲ့လုပ်ငန်းရဲ့တိုးတက်မှုဟာ ထိန်းချုပ်မှုကို ရှေးရှုသော ချဉ်းကပ်မှုကနေပြီး ဝန် ဆောင်မှုကို ရှေးရှုသောချဉ်းကပ်မှုအဖြစ် ကူးပြောင်းဆောင်ရွက်ကြရ မှာ ဖြစ်တယ်''ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၅ဝ) ပြည့် ရွှေရတုအထိမ်းအမှတ်နေ့အ ခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးမှ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံတော်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ် များချီးမြှင့်အပ်နှင်းခံရသော ရဲသီဟ တံဆိပ်ရရှိသူ တစ်ဦး၊ ရဲသူရ တံဆိပ် ရရှိသူ လေးဦး၊ ရဲဗလတံဆိပ်ရရှိသူ တစ်ဦး၊ ရဲကျော်စွာတံဆိပ်ရရှိသူ တစ်ဦး၊ ရဲကျော်သူတံဆိပ် ရရှိသူ လေးဦး၊ တို့အား နိုင်ငံတော်သမ္မတကိုယ်စား ချီးမြှင့်အပ်နှင်းပေးခဲ့သည်။

MP
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List