Friday, October 03, 2014

ရာထူးက နုတ်ထွက်ရေးဆန္ဒပြသူများ၏ တောင်းဆိုမှုကို ဟောင်ကောင် အုပ်ချုပ်ရေးမှူး ပယ်ချ


ထောင်နဲ့ချီတဲ့ ဒီမိုကရေစီရေးဆန္ဒပြသူတွေဟာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျန်ကျိန်ယင်းရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်မှုအပြီး အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းမှာ ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

လျန်ကတော့ ဒီနေ့ညသန်းခေါင်ကို နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ရေး ဆန္ဒပြသူတွေရဲ့ တောင်းဆို မှုကို ပယ်ချပြီး အစိုးရရုံးတွေကို သိမ်းရင် ပြင်းထန်တဲ့ နောက် ဆက်တွဲတွေကို ရင်ဆိုင်ရမယ်ဆိုတဲ့ ရဲသတိ
ပေးချက်ကို ထပ်ပြောခဲ့ပါတယ်။

အတွင်းရေးမှူးချုပ် လမ်ကယ်ရီက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဆွေးနွေးဖို့ ကျောင်းသားတွေနဲ့ မကြာ ခင် အစည်းအဝေးလုပ်မယ်လို့လဲ လျန်က သတင်းထောက်တွေကို ပြောပါတယ်။

လျန်ရဲ့သတင်းစာရှင်းလင်းပွဲအပြီး အမျိုးသားတယာက်က လမ်းပေါ်ပြေးပြီး ထိုင်ချခဲ့လို့ လူတွေက ပြုံဆင်း လာခဲ့တာပါ။

ဆန္ဒပြသူတွေက စိတ်အေးအေးထားဖို့ အော်ဟစ်ထိန်းသိမ်းခဲ့ပြီး လူတွေ လမ်းပေါ် ဆက်ဆင်းမလာအောင် လက်ချင်းချိတ်ပြီး လူသားကွင်းဆက် လုပ်ရင်း ထိန်းခဲ့ရပါတယ်။

ဟောင်ကောင်ရဲ့ ခရိုင်အတော်များများက အဓိကလမ်းပေါ်မှာ ထောင်သောင်းချီတဲ့ လူတွေ ထွက်လာပြီး ဆန္ဒပြနေလို့ မတော်တဆမှုတွေ အတော်များများလဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေကတော့ အခြေအနေကို မထိန်းချုပ်နိုင်ဖြစ်မယ်လို့ မထင်ဘူးလို့ ပြောပါတယ်။

လျန်ရဲ့ရုံးရှေ့မှာ စုရုံးနေတဲ့ ထောင်နဲ့ချီတဲ့ လူတွေကတော့ စိတ်ပျက်ကြောင်း ပြောနေတာပါ။

၂၀၁၇ ရွေးကောက်ပွဲမှာ ခေါင်းဆောင်သစ် ရွေးချယ်ရေးအတွက် လွတ်လပ်တဲ့ မဲပေးမှုစနစ်အပါအဝင် ပြည့်ဝတဲ့ဒီမိုကရေစီစနစ်ကို တောင်းဆိုဖို့ ထောင်သောင်း ချီနေတဲ့ ပြည်သူတွေဟာ အရင်အပတ်တည်းက လမ်းပေါ်ထွက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List