နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ဗဟိုဘဏ်ကလိုင်စင်ချပေးလိုက်ပြီဟု အောက်တိုဘာ ၁ ရက်တွင် ကြေငြာလိုက်သည်။
လုပ်ပိုင်ခွင့် ရရှိသည့် ဘဏ်များမှာ သြစတြေးလျနယူးဇီလန်ဘဏ်အုပ်စု (ANZ)၊ ဘန်ကောက်ဘဏ်၊ တိုကျို-မီဆူဘီရှိဘဏ် (BTMU)၊ တရုတ်စက်မှုနှင့်ကုန် သွယ်ရေးဘဏ် (ICBC)၊ May Bank၊ Muzuho Bank၊ တရုတ်ပြည်ပဘဏ် ကော်ပိုရေးရှင်း (OCBC)၊ ဆူမီတိုမို မစ်ဆူအိဘဏ်ကော်ပိုရေးရှင်း၊ United Oversea Bank (UOB)တို့ဖြစ်သည်။
ဇူလိုင်လ ၁၄ ရက်က နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ပိုင်ခွင့် လျှောက်ထားခဲ့သည့် ဘဏ်များထဲမှ နိုင်ငံခြား ဘဏ် ၁၀ ခုကို လုပ်ခွင့်ပေးမည်ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဖွံ့ဖြိုး တိုးတက်ရေး ကော် မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဇွန်လက ပြောထားခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့၌ နိုင်ငံခြားဘဏ် ၄၂ ခု၏ ရုံးခွဲများကို ဖွင့်လှစ်ထားသည်။
Mizzima - News in Burmese

No comments:
Post a Comment