Monday, September 29, 2014

NCCT နှင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေး


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၉ ဖွဲ့တို့သည် စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Green Hill ဟိုတယ်၌ တွေ့ဆုံ၍ငြိမ်းချမ်း
ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ NCCT ဘက်မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ပဒိုစော ကွယ်ထူးဝင်းတို့ အပါအဝင် အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြပြီး တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း ညှိနှိုင်းမှုဆွေးနွေးပွဲ အခြေအနေများကို အရက်ဘက် လူမှုအဖွဲ့အစည်းများအား ရှင်းပြခဲ့ကြောင်း သိရသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဦးဂျောဂွန်းက “ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက် ဖို့က အစိုးရနဲ့ လက်နက်ကိုင်တွေပဲ ဒီခရီးကိုသွားမယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုက နောက်ကိုချန်ထားမယ် နှစ်ဖွဲ့ပဲသွားမယ်ဆိုရင် ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ စစ်ပွဲတွေက ပြန်ဖြစ်ဦးမှာ။ လက်ရှိ ပြည်သူတွေ ကိုယ်တိုင်က ဒီဆွေးနွေးပွဲတွေရဲ့ အနေအထား တကယ့်ဆွေးနွေးပွဲအတွင်းက ထွက်လာတဲ့ရလဒ်တွေ ဆွေးနွေးပွဲအတွင်းမှာ ဆွေးနွေးကြတဲ့ သဘောတရားတွေကအစ ပြည်သူတွေ ဘယ်သူမှ သိခွင့်မရဘူး” ဟုပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်သူများ၏အသံများ၊ စိုးရိမ်မှုများ၊ လိုအပ်ချက်များကို တင်ပြနိုင်မည့် အခြေအနေတစ်ခု လိုအပ်သည်ဟု ဦးဂျော်ဂွန်းက ဆိုသည်။

ယင်းတွေ့ဆုံပွဲ အရပ်ဘက် လူမှုအဖွဲ့အစည်းများဘက်မှ စစ်ဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေး ကိစ္စ၊ အမျိုးသမီးကဏ္ဍ၊ အပစ်အခတ်ရပ်စဲရေး လေးစားလိုက်နာမှုရှိမရှိ အရပ်သားစောင့်ကြည့်ရေးအဖွဲ့ ဆိုင်ရာ ကိစ္စ၊ တိုင်းရင်းသားဒေသများတွင် ရင်းနှီးမြှပ်နှံမှုနှင့် မြေယာပြဿနာကိစ္စ၊ ပညာရေးမူဝါဒ အပြောင်း အလဲနှင့်  ငြိမ်းချမ်းရေးဆိုင်ရာ ပညာပေးရေးကိစ္စ စသည့်ကဏ္ဍအလိုက် ဆွေးနွေးခဲ့သည်။

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက “သူတို့ကလည်း သူတို့ရဲ့လှုပ်ရှားမှု၊ တစ်ဖက်ကလည်း ဒီငြိမ်းချမ်း ရေးတည်ဆောက်မှု လုပ်ငန်းမှာ သူတို့ကလည်း ပါဝင်ချင်တာပေါ့။ မြန်မြန်အောင်မြင်စေချင်တယ်။အန်ကယ် တို့ဘက်ကလည်း အဓိကအားဖြင့် စစ်ရေးနဲ့ နိုင်ငံရေးကိုပဲ စဉ်းစားနေတော့ ဒီပညာရေးတို့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးတို့၊ စီးပွားရေးတို့ကို သိပ်စဉ်းစားခဲ့တာမဟုတ်ဘူး။ လေ့လာခဲ့တာလည်း မဟုတ်ဘူး။ အဲဒီအခါကျတော့ ကျွမ်းကျင်တဲ့သူတွေဆီကို အကူအညီတောင်းရမှာပဲ။ သူတို့ဆီက အကြံဉာဏ်တွေ အမြင်တွေ ရယူရမှာပဲ။ သူတို့အနေနဲ့လည်း အကောင်းဆုံးအမြင်တွေ သဘောထားတွေ ပေးနိုင်ဖို့ ပြင်ဆင်ထားပါလို့ အဲဒီလို ပြောခဲ့ပါတယ်” ဟုပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List