Friday, October 03, 2014

ဟောင်ကောင်ဆန္ဒပြသူများအား ထောက်ခံကြောင်း ပြသရန် နယူးယောက်မြို့တိုင်းမ်စ် ရင်ပြင်တွင်စုဝေး




အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၏ တိုင်းမ်စ်ရင်ပြင်တွင် အောက်တိုဘာလ ၁ ရက် နှောင်းပိုင်းက လူ ၃၅၀ ခန့် စုဝေးကာ “ဟောင်ကောင်၊ ကြံ့ကြံ့ခံ အားတင်းထားပါ” ဟူသော ကြွေးကြော်သံများကို ဟစ်ကြွေး ၍ ဟောင်ကောင်ရှိ ဒီမိုကရေစီရေး ဆန္ဒပြသူများအား ထောက်ခံကြောင်း ပြသခဲ့ကြသည်ဟု အောက်တိုဘာလ ၂ ရက်က အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
ထီးများကိုဖွင့်၍ ဆန္ဒထုတ်ဖော်ခြင်းမှာ ဒီမိုကရက်တစ် လွတ်လပ်ခွင့်များ ပိုမိုရရှိရန် ကြိုးပမ်းနေကြသော ဟောင်ကောင် ဆန္ဒပြပွဲများ၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့ရာ နယူးယောက်မြို့ရှိ ဆန္ဒပြလူအုပ်ထဲမှ လူ အများအပြားကလည်း ထီးများကို ဖွင့်၍ ဟောင်ကောင် ပြည်သူများအား ထောက်ခံကြောင်း ပြသခဲ့ကြ သည်။

ဟောင်ကောင်၏ ယာဉ်အသွားအလာ ရှုပ်ထွေးနေကျ လမ်းများပေါ်တွင် လူသောင်းပေါင်းများစွာ ငြိမ်ချမ်းစွာ ဆန္ဒပြ ခဲ့ကြခြင်းသည် လေးရက်ရှိလာခဲ့ပြီဖြစ်ကာ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် လွတ်လပ်သော ရွေးကောက်ပွဲ ပြုလုပ်ပေးရေးကို ဆန္ဒပြသူများက ပေကျင်း အာဏာပိုင်များထံ တောင်းဆိုနေကြခြင်း ဖြစ်သည်။

ဟောင်ကောင် မြို့လယ်နေရာများကို လေးရက်တာ ကာလအထိ ပိတ်ဆို့ထားသော ဆန္ဒပြသူများက ဟောင်ကောင်အုပ် ချုပ်ရေးမှူး လျောင်ချွန်းရင်အား အောက်တိုဘာလ ၂ ရက် ညသန်းခေါင် မတိုင်ခင် နုတ်ထွက်ပေးရန် ရာဇသံပေး တောင်းဆိုထားကြပြီး နုတ်ထွက်ပေးခြင်း မရှိပါက ပို၍ အရှိန်မြင့်တက်လာမည့် လှုပ်ရှားမှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးထားသည်။

“အဲဒါဟာ ကြာရှည်မယ့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဟောင်ကောင်သားတွေ အနေနဲ့ ကြံ့ ကြံျ့ခံပြီးတော့ သူတို့ရဲ့ အခွင့်အရေးတွေအတွက် ဆက်ပြီးတိုက်ပွဲဝင်နိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ထားပါတယ်” ဟု ဟောင်ကောင် မှ နယူးယောက်သို့ ပညာရေးအတွက် ရောက်ရှိလာခဲ့သော အသက် ၂၂ နှစ် အရွယ် အိမ်တွင်းအလှဆင် ဒီဇိုင်နာ အီရင်ရော့ဘယ်လ်စ်က ဆိုခဲ့သည်။ “သူတို့ တောင်းဆို တိုက်ပွဲဝင်နေ တာကို ကျွန်မ ထောက်ခံပါတယ်။ ကျွန်မဟာ အဲဒီမှာရှိတဲ့ လူတွေရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့ ကျွန်မ လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်” ဟု သူမက ရှင်းပြခဲ့သည်။

တိုင်ပေတွင် လူပေါင်း ၄,၀၀၀ ခန့်က ထောက်ခံကြောင်းလ ပြသခဲ့ကြပြီး လန်ဒန်တွင်လည်း လူပေါင်း ၂,၀၀၀ ခန့်သည် တရုတ်သံရုံး အပြင်ဘက်တွင် စုဝေး ဆန္ဒပြခဲ့ကြသည်။

အေအက်ဖ်ပီ
Mizzima - News in Burmese

No comments:

Post a Comment

My Blog List