Tuesday, September 30, 2014

ပြည်သူ့ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံများကို ပြောင်းလဲရန်လိုအပ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ လွှတ်တော်တွင် တင်သွင်းသည့်အစီရင်ခံစာတွင်ဖော်ပြ


တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံများ ကိုပြောင်းလဲရန်လိုအပ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီ အစီရင် ခံစာတွင် ထည့်သွင်းရေးသားကာ ပြည်သူ့လွှတ်တော် သို့တင်သွင်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေး ၁၁ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ် တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ မှကော်မတီ၏အစီရင်ခံစာကို ပြည်သူ့ လွှတ်တော်သို့တင်သွင်းရာတွင် ယင်းကဲ့သို့ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့ ရဲတပ်ဖွဲအနေဖြင့် ပြည်သူကို ဝန် ဆောင် မှုပေးခြင်း၊ ပြည်သူများနှင့်ပူး ပေါင်းဆောင်ရွက်ခြင်းနှင့် ပြဿ နာ ဖြေရှင်းခြင်းတို့ဖြစ်ပြီး လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ပြည်သူ လူထုကိုကာကွယ်ပေးသည့် ရဲတပ်ဖွဲ့ ၏ လုပ်ဆောင်ချက်များသည် ဒီမိုက ရေစီနိုင်ငံများအတွက်မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ရဲ တပ်ဖွဲ့၏ ပြုပြင်ပြောင်းလဲရေး စသည့် တရား ဥပဒေစိုးမိုးရေးကို အခြေခံသည့် ဒီမိုကရေစီလူ့အသိုင်းအဝိုင်းအတွက် လိုအပ်ချက်ဖြစ်ကြောင်း ပြည်သူ လွှတ်တော်သို့တင်သွင်းသည့် ကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်း ရေးသားဖော်ပြခဲ့သည်။

လက်ရှိအခြေအနေတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥရောပသမဂ္ဂ (EU)နှင့် ပူးပေါင်းကာ ပြည်သူဗဟို ပြု ရဲလုပ်ငန်းစဉ်များနှင့် လူစုလူ ဝေးအား စနစ်တကျထိန်းသိမ်းရေး အပိုင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ က ၂ဝ၁၃ခုနှစ် စက်တင်ဘာလ တွင် စတင်သင်တန်းပေးအပ်ခဲ့သည်။

ယင်းကဲ့သို့ သင်တန်းများပေး အပ်ခဲ့သည်မှာ တစ်နှစ်ခန့် ကြာမြင့် ခဲ့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်များ မှာ သိသာထင်ရှားစွာပြောင်းလဲလာ ခြင်းမရှိသေးဟုဆိုသော ဝေဖန်ပြော ဆိုသံများကလည်း ပြည်သူများ ကြားတွင် ထွက်ပေါ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် လှိုင်သာယာ လူ သတ်မှု၊ ရန်ကင်းလူသတ်မှုနှင့် သာကေတ မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့တိုက်ခိုက်ခြင်းများအပြင် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ရန်ရှာမှု စသည့်
ပြဿ နာများသည် ပြည် သူများပင် ထိတ်လန့်ခဲ့ရသည့် ဖြစ် စဉ်များဖြစ်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မ တီသို့ တိုင်ကြားစာများပေးပို့ခဲ့ရာ တွင်လည်း တရားစီရင်ရေးနှင့်သက် ဆိုင်သည့် တိုင်ကြားစာများသည် အခြားသောတိုင်ကြားစာများထက် ပိုမိုများပြားစွာလက်ခံရရှိခဲ့ကြောင်း လည်း အစီရင်ခံစာတွင်ဖော်ပြချက် အရ သိရသည်။

ပြည်သူ့ လွှတ်တော်တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာ ၇၂၇ဝ စောင်ရရှိခဲ့ပြီး တရားစီရင်ရေးနှင့် စပ်လျဉ်း၍ တိုင် ကြားစာ ၃၅ဝဝ စောင်၊ လယ်ယာ မြေနှင့်စပ်လျဉ်း၍ တိုင်ကြားစာ ၂၅ဝဝ စောင်၊ အုပ်ချူပ်ရေးနှင့်စပ်လျဉ်း၍ ၁၁၇ဝ စောင်၊ တပ်မတော်နှင့်စပ် လျဉ်း၍ တိုင်ကြားစာ ၁ဝဝ စောင်ရ ရှိခဲ့ကြောင်း ကော်မတီ၏အစီရင် ခံစာအရသိရသည်။

ပြည်သူ့လွှတ်တော်သို့ တင်သွင်း ခဲ့သည့် ကော်မတီ၏အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူးဖြစ်သူ ဦး ဝင်းမြင့်က လွှတ်တော်သို့ဖတ်ကြား တင်ပြရာတွင် ''အထူးသဖြင့် တရားရုံးများစောင့်ကြည့်လေ့လာရေး လွတ် လပ်သည့် အဖွဲ့အစည်းများ ရှိသင့် ကြောင်း အလေးအနက်အကြံပြုပါသည်။ 

လယ်ယာမြေကိစ္စများတွင် လည်း နိုင်ငံတော်မှချမှတ်သော လမ်း ညွှန်ချက်များကို ဒေသဆိုင်ရာ အာဏာပိုင် များလိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

အုပ်ချူပ်ရေးပိုင်းတွင်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်နည်း လုပ်ဟန်များမတွေ့ရှိရဘဲ ဗျူရို ကရေစီအလေ့အကျင့်များရှိနေ ပါသေးသည်''ဟု အစီရင်ခံစာ တွေ့ ရှိချက်ကို လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော်သို့တင်သွင်း သည့် ကော်မတီ၏ အစီရင်ခံစာ နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်များမှ ဆွေးနွေးရန်ရှိပါက လာမည့်လွှတ်တော် အစည်းအဝေး များတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တရား ဥပ ဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော် မတီကို ၂ဝ၁၂ ခုနှစ် သြ ဂုတ် ၁၇ ရက်တွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ခဲ့ပြီး အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်း ခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီအနေ ဖြင့် ၂ဝ၁၃ ခုနှစ်တွင် သြဂုတ် ၁၂ ရက် တွင် ကော်မတီနှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်သို့တင်သွင်း ခဲ့ပြီး ယခုအစီရင်ခံစာသည့် ကော်မ တီ၏ ဒုတိယမြောက် အစီရင်ခံစာ ဖြစ်ကြောင်း သိရသည်။

Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List