Thursday, October 02, 2014

မောင်းသူမဲ့ယာဉ်ငယ်ဖြင့် ပျောက်ဆုံးရဟတ်ယာဉ်ကို ကယ်ဆယ်ရေးအဖွဲ့များပိုက်စိတ်တိုက်ရှာဖွေနေ


ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးကို ရှာဖွေရင်း ပျောက်ဆုံးသွားသည့် ထိုင်းနိုင်ငံမှ B4 အမျိုးအစား ရဟတ်ယာဉ်ကိုရှာဖွေရန် တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရှာဖွေရေးအဖွဲ့က ယူဆောင်လာသည့် ဝေဟင်မှ ရှာဖွေနိုင်သော မောင်းသူမဲ့ ယာဉ်ငယ်ဖြင့် အောက်တိုဘာ ၁ ရက်က စတင်ရှာဖွေ နေပြီဟု ထူးဖောင်ဒေးရှင်း၏ မီဒီယာပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက် က မဇ္ဈိမကို ပြောသည်။

အဆိုပါ ယာဉ်ငယ်ဖြင့် ပူတာအိုမှ တဟွမ်းဒန်းအထိ စတင်ရှာဖွေနေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည် ။ဦးဖြိုးကိုကိုသက်က “တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေကို စက်တင်ဘာ ၃၀ ရက်က ပူတာအို မြို့ကို ပို့လိုက်ပါတယ်။ ဆွေးနွေးမှုတွေလုပ်ပြီး အောက်တိုဘာ ၁ ရက်ကစပြီး သူတို့ပါ လာတဲ့ယာဉ်ငယ်ကို အသုံး ပြု ပြီး ပျောက်ဆုံးရဟတ်ယာဉ်ကို ရှာဖွေနေပါတယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး  Mr. Chat Chawal၊ မြန်မာလူမျိုးရ ဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်သူ ဦးရွှေရင် တော်ကြီးတို့ လိုက်ပါသွားခဲ့သည်။

ပျောက်ဆုံးနေသည့် ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်ကို ရှာဖွေရန် ထူးဖောင်ဒေးရှင်းနှင့်အတူ ပူတာအိုအခြေ စိုက် စစ်ဘက်နယ်ဘက်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ ရဲတပ်ရင်းမှ ရဲတပ်သားများနှင့် ဒေသခံ ရွာသူရွာသားများ ပူးပေါင်း ရှာဖွေလျက်ရှိသည့်အပြင် တရုတ်နိုင်ငံမှ Blue Sky  ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဝေဟင်ရှာဖွေရေးအဖြစ် ထူးဖောင်းဒေးရှင်းမှ B3 ရဟတ်ယာဉ်နှစ်စီး၊ တပ် မတော်လေမှ MI ရဟတ်ယာဉ် တစ်စင်းတို့ဖြင့် ရှာဖွေလျက်ရှိသည်။

ရှာဖွေရေး လမ်းကြောင်းတွင် ဦးတေဇကိုယ်တိုင် ရှာဖွေနေသည်ဟုလည်း ထူးဖောင်ဒေရှင်း ဖေ့စ်ဘွတ်တွင် ဖော်ပြထားသည်။

ယင်းအပြင် ပျောက်ဆုံးနေသည်မှာ တစ်လခန့် ရှိသည့် တောင်တက်သမား နှစ်ဦးကိုလည်း ခါကာဘိုရာဇီ တောင်ပေါ်တွင် ထူးဖောင်ဒေးရှင်း၏ မြေပြင်ခြေလျင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် Blue Sky အဖွဲ့ဝင်များမှ ရှာဖွေလျက်ရှိ ပြီး ဝေဟင်ရှာဖွေမှုအပိုင်းတွင် အီတလီ၊ နီပေါ၊ အမေရိကန်လေယာဉ်မှူးများဖြင့်  B3 ရဟတ် ယာဉ်နှစ်စင်းနှင့် ပူတာအိုရှိ တပ်မတော်လေမှ MI 17 ရဟတ်ယာဉ် တစ်စင်းဖြင့် ရှာဖွေလျက်ရှိ သည်။

ထိုင်းလေယာဉ် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းတွင် လက်ရှိအချိန်အထိ ထူးခြားမှုမရှိသေးသော်လည်း ပျောက်ဆုံး တောင်တက်သမားနှစ်ဦး၏ ကျောပိုးအိတ် အနီရောင် တစ်လုံးနှင့် အပြာရောင်တစ်လုံးကိုမူ စက်တင်ဘာ ၂၇ ရက်တွင် ခါကာဘိုရာဇီ တောင်ပေါ်တွင်တွင် တွေ့ရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List