Friday, October 03, 2014

ချီလီကျောင်းသားဆန္ဒပြပွဲ ဖြိုခွင်းရန် ကြိုးစားသည့် ရဲနှင့် ကျောင်းသားများ ရုန်းရင်းဆန်ခတ်ဖြစ်


ချီလီကျောင်းသားဆန္ဒပြပွဲကို ဖြိုခွင်းဖို့ ကြိုးစားတဲ့ ရဲတွေနဲ့ ကျောင်းသားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ရဲ ၄ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ တက္ကသိုလ်လည် ပတ်ပုံ မမှန်ကန်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရေး အစည်းအဝေး မတိုင်မီ ကျောင်းသားတွေက ဆန္ဒပြခဲ့တာပါ။

ရမ်းကားတဲ့ ကျောင်းသား တအုပ်စုက ယာဉ်ကြောပိတ်အောင် လမ်းတွေမှာ အတားအဆီးတွေ ထားခဲ့ ပါတယ်။

အထူးရဲတပ်ဖွဲ့က လမ်းဆုံတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ မီးသတ်ပိုက်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့ဗုံးတွေ သုံးခဲ့လို့ အကြမ်းဖက်မှု စတင်ခဲ့တာပါ။

ကျောင်းသားတွေက ရဲတွေကို တက္ကသိုလ်ရဲ့ ၄ ထပ်မြောက်ကနေ ဓာတ်ဆီ ပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ခဲ့လို့ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရဲတွေက တက္ကသိုလ် ၄ ထပ်က ဓာတ်ဆီပုလင်းဗုံးနဲ့ပစ်တဲ့ ကျောင်းသားတွေကို ပြန်လှန်ပစ်ခတ်ခဲ့ တယ်လို့ ရဲက ပြောပြီး ကျောင်းသားတွေဘက်ကတော့ ရဲတွေက ကျည်ဆန် အတု သေနတ်တွေနဲ့ ပစ်ခတ် အကြမ်းဖက်တယ်လို့ ပြောပါတယ်။

ဒဏ်ရာရကျောင်းသား ၂ ယောက်ကိုတော့ အရေးပေါ်ဆေးဘက် ဝန်ဆောင်မှု ဌာနကို ခေါ်သွားရပါတယ်။

ရဲတွေက လူ ၈ ယောက်ကို ဖမ်းခဲ့ပြီး အမှုကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ။ မနှစ်က သြဂုတ်လကလဲ ချီလီ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နှေးလို့ ကျောင်းသားတွေနဲ့ ဆရာတွေ မြို့တော် စန်တီယေဂိုမှာ ဆန္ဒပြ ခဲ့ကြပါသေးတယ်။

DVB

No comments:

Post a Comment

My Blog List