Tuesday, September 30, 2014

ထိုင်းဗိုလ်ချုပ်ကြီး ပရာယုသ် အရပ်ဘက်သို့ ကူးပြောင်းပြီ


ထိုင်းနိုင်ငံ၏ စစ်တပ်အကြီးအကဲ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး ပရာယုသ်ချန်အိုချာ သည် စစ်တပ်ကိုသူ ယုံကြည် စိတ်ချသောသူအား လွှဲ ပြောင်းပေးပြီး အစိုးရ အဖွဲ့ခေါင်း ဆောင်အဖြစ် အရပ်သားနိုင်ငံရေး လောကသို့ ဝင်ရောက်သွား ကြောင်း သိရ၏။

သူသည်အရပ်သားအစိုးရ ခေါင်းဆောင်အနေဖြင့် မတည်မငြိမ် ဖြစ်နေသော စီးပွားရေးကိုဆောင် ရွက်ရန် ဖိအားပေးမှုများနှင့်မကြာမီ ရင်ဆိုင်ရမည့်အနေအထားရှိသည်။

ဗိုလ်ချုပ်ကြီး ပရာယုသ်သည် ထိုင်းဘုရင့်တပ်မတော်အကြီးအကဲ ရာထူးမှ အငြိမ်းစားယူသည့် အထိမ်း အမှတ်အဖြစ် စက်တင်ဘာ ၂၉ရက် ၌ ခမ်းနားထည်ဝါသော စစ်ရေးပြ အခမ်းအနားကိုကျင်းပရာ ပါရာယုသ် ကထိုအခမ်းအနားတွင် သဘာပတိ အဖြစ်ဆောင်ရွက်သည်။

ဝန်ကြီးချုပ်ပရာယုသ်သည် စစ်အစိုးရ သို့မဟုတ် အေးချမ်းသာ ယာရေးနှင့် ငြိမ်းဝပ်ပိပြားရေးအမျိုး သားကောင်စီခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေဦးမည်။ ထိုင်းစစ်တပ် သည်အာဏာကို တင်းကျပ်စွာဆုပ် ကိုင်ထားလျက်ပင်ရှိနေဦးမည် ဖြစ်သည်။

ဘုရင့်တပ်မတော် အကြီးအကဲ ရာထူးမှ အငြိမ်းစားယူသွားသည့် ပရာယုသ်၏ နေရာကိုဗိုလ်ချုပ်ကြီး ဥဒွမ်ဒေးဂ်ျဆီတာဘတ်ရ်က ဆက် ခံမည်။

ဆီတာဘတ်ရ်သည် ပရာ ယုသ်၏ အနီးကပ်လူယုံတော်ဖြစ် သည်။ သူ့ကိုဘုရင့်တပ်မတော်အ ကြီးအကဲအဖြစ်ခန့်အပ်ခြင်းသည် စစ်တပ်ကလွှမ်းမိုးထားသည်ဆိုခြင်း ၏ အမှတ်လက္ခဏာဖြစ်သည်။
ပရာယုသ်ရော ဆီတာဘတ်ရ် ပါ အရှေ့တိုင်းကျားများဟု လူသိ များသည်။ သူတို့သည်ဘုရင့်သစ္စာ တော်ခံအုပ်စုဝင်များဖြစ်ကြသည် ဟု လူသိများသည်။ သူတို့နှစ်ဦးစလုံး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်ထရာကို မုန်းသူများဖြစ်ကြ သည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်မှ အနားယူသွားသည့် ပရာယုသ်သည် အရှိန်သြဇာ စတင်ကျဆင်းလာနိုင် ခြေရှိသည်။ အထူသဖြင့် ပရာယုသ် သည် သူ့ကို ဆက်ခံသူ ဆီတာဘတ်ရ် နှင့် အဆက်မပြတ်ထိတွေ့ နေရမည်။ သို့မဟုတ်ပါက သူ၏အရှိန် အဝါကျဆင်းလာမည်သာဖြစ်သည်။

Ref: Reuter
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List