Thursday, October 02, 2014

ဟောင်ကောင်ဆန္ဒပြပွဲ စီစဉ်သူတဦးက အများပြည်သူ အသွားအလာ အနှောက်အယှက်ဖြစ်မှု တောင်းပန်


ဟောင်ကောင်ဆန္ဒပြပွဲ စီစဉ်သူတွေထဲက တယောက်က ဒီမိုကရေစီရေး လိုလားတဲ့ လူထုဆန္ဒပြပွဲတွေ ကြောင့် အများပြည်သူ အသွားအလာ အနှောက်အယှက် ဖြစ်မှုအတွက် အောက်တိုဘာ ၁ ရက်နေ့က တောင်းပန်လိုက် ပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျန်ချန်းယင် ရာထူးက နုတ်ထွက်ဖို့နဲ့ အခြေခံ ဥပဒေအရ ပြုပြင်ပြောင်းလဲရေး ကို ချင့်ချိန်သုံးသပ်ဖို့ ထပ်ပြီး တောင်းဆိုလိုက် ပါတယ်။

ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေက မတည်ငြိမ်မှုကို ဖြိုခွင်းဖို့ ကြိုးစားတဲ့အနေနဲ့ အဓိကရုန်း နှိမ်နင်းရေး ရဲတွေက ငရုတ်ကောင်းရေနဲ့ ပက်ခဲ့ပြီး မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာပါ။

ပထမဆုံး မျက်ရည်ယိုဓာတ်ငွေ့ ထွက်လာတာနဲ့ သူ့မှာ ညှိနှိုင်းဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိဘူး ဆိုတာ ပြလိုက်တာပဲ။ အခုတော့ လုပ်စရာ တခုတည်းက သူရာထူးက ဆင်းပေးဖို့ပဲလို့ ဆန္ဒပြပွဲစီစဉ်သူ ချန်ကင်းမန်က ပြောပါတယ်။

Occupy central လို့ နာမည်ပေးထားတဲ့ ဟောင်ကောင်မြို့လယ်ကို သိမ်းပိုက်ဆန္ဒပြမှုကို ကျောင်းသားတွေ ခေါင်းဆောင်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့က စတင်ခဲ့တာပါ။

၂၀၁၇ ရွေးကောက်ပွဲအတွက် မဲပေးသူတွေရဲ့ ရွေးချယ်ခွင့်ကို ကန့်သတ်မယ့် တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက် ကို ဒေါသထွက်လို့ ဆန္ဒပြတာလည်း ဖြစ်ပါတယ်။

ပီကင်းအစိုးရကို လိုလားတဲ့အစိုးရကို ဖိအားပေးဖို့ မြို့တွင်း နယ်မြေသစ်တွေကိုပါ ဆန္ဒပြပွဲတွေ ဖြန့်ကျက် လာနေပါတယ်။

ဒီဆန္ဒပြပွဲကြောင့် ဘဏ်တွေကနေ ကျောက်မျက်ကုန်သည်တွေထိ စုံလင်တဲ့ အာရှရဲ့ ဘဏ္ဍာရေးအချက် အချာ လမ်းဆုံတွေ ပိတ်ဆို့ ကုန်ပါတယ်။

DVB

No comments:

Post a Comment

My Blog List