Thursday, October 02, 2014

ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ရေရာသေချာမည ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က သတိပေးပြော ဆိုလိုက်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလအတွက် ပြောကြားသည့် လစဉ် မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က အထက် ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာ နိုင်သည့်သဘောကို ပထမဦးဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်က ထုတ်ဖော် ပြောဆို သတိပေးလိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေးအင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင် ကြိုးပမ်း အားထုတ် မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါလည်း ဖြစ်သလို အခုလို အလွန်အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးရေး ကိစ္စတွေကို အောင်မြင်စွာ ဆောင်ရွက် နိုင်မှသာလျှင် မိမိတို့ နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင် နိုင်မှာဖြစ် ပါတယ်။ အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာ သေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြု မိစေလိုပါတယ်” ဟု ဦးသိန်းစိန်က ထုတ်ဖော် ပြော ဆိုသည်။

သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ သတိပေးချိန်သည် DKBA နှင့် အစိုးရစစ်တပ်တို့ မွန်ပြည်နယ်၊ ကရင်ပြည် နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားချိနှ်နှင့် တိုက်ဆိုင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့် ဆွေးနွေးပွဲများတွင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းမရသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List