Thursday, October 02, 2014

ရဲဝန်ထမ်းများ လစာ၊ ရိက္ခာနှင့် ထောက်ပံ့မှုများ ချင့်သုံးပြီး အဂတိမှုကင်းရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော


ရဲဝန်ထမ်းများအား နိုင်ငံတော်က ပေးသည့် လစာ၊ ရိက္ခာနှင့် ထောက်ပံ့မှုများ အပေါ် ချင့်ချိန်သုံးစွဲရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဂတိ လိုက်စားမှုကင်းရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အောက်တိုဘာလ ၁ရက်တွင် ကျင်းပခဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ပြည့် နှစ်ပတ်လည်နေ့ အခမ်း အနားတွင် ပြောကြားလိုက်သည်။

"ယခုအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကိုလည်း အထိုက်အလျောက်ရရှိ လာတာကို တွေ့နေရပြီး ဖြစ်ပါတယ်။ အဲဒီအတွက် အခုထက်ပိုပြီးအောင်မြင်မှုတွေ ရရှိလာအောင် ဆောင် ရွက်ကြပါ" ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က တိုက်တွန်းလိုက်သည်။

ရဲဝန်ထမ်းများအား အဖျက်အမှောင့်တွေ ဖော်ထုတ်နှိမ်နင်းရာတွင် လုံခြုံရေးသတိဖြင့်စွမ်းဆောင်ရည်အပြည့်
နှင့် လေ့ကျင့်ဆောင်ရွက်ကြရမည်ဟု ဆိုသည်။

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များအား တိုင်းပြည်၏ အုပ်ချုပ်ရေးမဏ္ဍိုင် အုတ်မြစ်ကောင်း မွန်စေရန် ကိုယ်ကျင့်တရား ကောင်းမွန်အောင် သစ္စာ၊ သမာဓိ တည်ကြည်စွာဖြင့် မိမိကိုယ်ကို စောင့်ရှောက်ပြီး Third Wave လုပ်ငန်း 
စဉ်များကို ဆောင်ရွက်ရန် တိုက်တွန်း လိုက်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List