Thursday, October 02, 2014

အင်တာနက်ရာဇ၀တ်မှုများ တိုက်ဖျက်ရန် နိုင်ငံတကာနှင့် ဥရောပ ရဲတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရန်လို


နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)နဲ့ ဥရောပရဲတပ်ဖွဲ့(ယူရိုပိုလ်)တို့က အင်တာနက် အသုံးပြု ကျူးလွန်တဲ့ ရာဇဝတ်မှု ဆိုင်ဘာခရိုင်းမ်တွေကို တိုက်ဖျက်ရေး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ဆန်းသစ်ပြောင်းလဲမှုတွေအတွက် ကမ္ဘာ့လုံးဆိုင်ရာ အင်တာပိုလ်အဖွဲ့ ရဲ့အမှုဆောင် ဒါရိုက်တာ နိုဘိုရု နာခါတာနီနဲ့ ယူရိုပိုလ်ရဲ့ ဥရောပဆိုင်ဘာခရိုင်းမ် ဌာနခေါင်းဆောင်တို့ဟာ ကိုယ်ရေးကိုယ်တာ လုံခြုံရေး ဆော့ဖ်ဝဲလ် ထုတ်လုပ်သူ ရုရှားကုမ္ပဏီ ကဲ့စ်ပါစကီနဲ့ တိုင်ဝမ်ကုမ္ပဏီ ထရန်းမိုက်ခရိုတို့နဲ့ အတူ ၃ ရက်ကြာ ညီလာခံကို ကျင်းပနေတာပါ။

အင်တာပိုလ်ခေါင်းဆောင်ကတော့ “ဆိုက်ဘာရာဇဝတ်မှုကို ဖြိုခွင်းဖို့ ရဲမဟုတ် သူတွေနဲ့ ပူးပေါင်း လုပ်ကိုင် ဖို့ လိုတယ်။ နိုင်ငံတကာက စည်းကမ်းထိန်းသိမ်းရေး မဟာမိတ်မျိုးစုံကိုလဲ လိုအပ်တယ်။ ရဲတွေဟာ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုကို အပြည့်အဝ နားလည်မှု ပြည့်စုံတဲ့ ရုပ်ပုံကားချပ်တွေ မရှိဘူး။”လို့ ပြောပါတယ်။

နိုင်ငံပေါင်း ၁၉၀ ပါဝင်တဲ့ အင်တာပိုလ်အဖွဲ့ကတော့ ခေတ်သစ်ကမ္ဘာ့ရဲ့ ဒစ်ဂျစ်တယ် နည်းပညာသုံး ရာဇဝတ်မှုတွေကို ကာကွယ်ဖို့နဲ့ ထောက်လှမ်းဖို့ ကမ္ဘာ့လုံးဆိုင်ရာ ညှိုနှိုင်းဆောင်ရွက်တဲ့ အဖွဲ့အစည်း ဖြစ်လာဖို့ ကတိပြုပြီးပြီလို့ ပြောပါတယ်။

ခိုးမှု၊ လိမ်မှု၊ တရားမဝင်လောင်းကစားမှုနဲ့ ဆေးတုတွေ ရောင်းမှုလို ရာဇဝတ်မှုတွေကို အင်တာနက်ပေါ် ကနေ တင်ပြ ကြော်ငြာ ကျူးလွန်ဖို့ အခွင့်အရေးရှိနေလို့ ပိုကျယ်ပြန့်လာပြီး ပျက်စီးမှုတွေ ရှိတယ်။ ဒါကြောင့် ဆိုက်ဘာရာဇဝတ်မှုတွေဟာ ကမ္ဘာ့စီးပွားရေးကို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ကုန်ကျစေတယ်လို့ အင်တာပိုလ်ရဲ့တရားဝင် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment

My Blog List