Thursday, October 02, 2014

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်ပွဲ နတ်မောက်၌ ကျင်းပမည်


ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့်မွေးနေ့ ရာပြည့်ပွဲတော်ကို နတ်မောက်မြို့၌ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ လ ၇ရက် မှ ၁၃ရက်နေ့အထိ ၇ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ် နတ်မောက်မြို့ဂုဏ်ကို ဆောင်နိုင်အောင် ဒီပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်၊

ကျွန်တော်တို့ နတ်မောက် နယ်သူ၊သားတွေအပြင် ဗိုလ်ချုပ်ကိုချစ်မြတ်နိုးသူတိုင်း လူအား၊ငွေအား တွေနဲ
့ပါဝင်ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ရာပြည့်ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဌ ဦးဟန်ဇော်က ပြောကြားသည်။

အဆိုပါ ရာပြည့်ပွဲတော်ကို ဖေဖေါ်ဝါရီ ၇ရက်နေ့ နံနက် ၇နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား ၊ကျောင်းသူများ၏ ဗိုလ်ချုပ်ကဗျာ အရွတ်ပြိုင်ပွဲ၊ဗိုလ်ချုပ်မိန်ခွန်းအပြောပြိုင်ပွဲ နှင့် ဗိုလ်ချုပ်အကြောင်း မေးခွန်း များဖြေဆိုပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။

ပွဲတော်တွင် ၈ရက်နေ့မှစတင်၍ ပဲပြုတ် နှင့် နံပြားကို စတုဒီသာကျွေးမွေးသွားမည်ဖြစ်ပြီး သီတဂူဆရာတော်
အရှင်ဉာဏိဿရ၊ဆရာတော် အရှင်ဝီရိယတောင်စွန်း နှင့် ဆရာတော် အရှင်ဆန္ဒာဓိကတို့၏ တရားပွဲများနှင့် စာရေးဆရာများ၏ စာပေဟောပြောပွဲများ၊ ဇတ်သဘင်မှ မင်းသားဖိုးချစ်၊စွမ်းဇာနည် နှင့် မင်းခန့်ကိုတို့၏ 
တေးဂီတပွဲများ စီစဉ်ထားကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အမှတ်တရပစ္စည်းများကိုလည်းပြပွဲအနေဖြင့် ထည့်သွင်းပြသသွား မည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၃ရက်နေ့တွင် သံဃာတော်များအား ဆွမ်းလောင်းလှူခြင်း၊ နတ်မောက်မြို့ရှိ 
ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ် နှစ်(၁၀၀)ပြည့် ကဗ္ဗည်းမော်ကွန်း ကျောက်စာတိုင်စိုက်ထူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပရေးဗဟိုကော်မတီတွင် သြဝါဒစရီယ ဆရာတော် ၁၀ပါး၊ လူပုဂ္ဂိုလ် ၃၆ ဦးတို့ပါဝင်ပြီး၊ ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီတွင်၃၁ဦးနှင့် စာရင်ပြုစုစစ်ဆေးရေးကော်မတီတွင် ၉ဦး 
ပါဝင်သည်။

ရာပြည့်ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေများကို အောက်တိုဘာ ၂ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ဓမ္မိကာရာမ ဘုန်းကြီးကျောင်းတိုက်တွင် စတင်လက်ခံလျှက်ရှိပြီး ယနေ့ နေ့လယ် ၂နာရီအထိ အလှူငွေ သိန်း ၂၀ နှင့် ၃သောင်း လက်ခံရရှိထားကြောင်း သိရသည်။

ချမ်းမင်းဟန်
The Myanma Age

No comments:

Post a Comment

My Blog List