Wednesday, October 01, 2014

အိမ်ဖြူတော်ကို ဓားကိုင်ဝင်ရောက်မှု ထပ်မဖြစ်စေရဟု လျှို့ဝှက်ထောက်လှမ်းရေး ကတိပြု


အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွား ခဲ့တဲ့ သမ္မတအိမ်ဖြူတော်ထဲ ဓားကိုင်ပြီး လူတဦး ၀င်ရောက်ခဲ့မှုဟာ လက်ခံနိုင်စရာမရှိ ဖြစ်ခဲ့ပြီး နောက် အလားတူ ဖြစ်ရပ်မျိုး မဖြစ်စေရဘူးလို့ စက်တင်ဘာ ၃၀ ရက်နေ့က ကတိပေးပြောဆိုခဲ့ပါတယ်။

ညွှန်ကြားရေးမှူး ဂျူလီယာ ပီယားဆင် (Julia Pierson) က အောက်လွှတ်တော် အမတ်များ ကြားနာပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်အတွက် သူ့မှာ တာဝန်အပြည့် ရှိတယ်လို့လည်း ပြောဆိုပါတယ်။

သမ္မတအိမ်ဖြူတော်ထဲ လူဝင်ရောက်ခဲ့ပြီးပြီးချင်းမှာပဲ ညွှန်ကြားရေးမှူး ဂျူလီယာ ပီယားဆင်က အိမ်ဖြူတော် လုံခြုံရေးကို တိုးမြှင့်ခဲ့ပါတယ်။

အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန အတွင်းရေးမှူး ယေဂျွန်ဆင် (Jeh Johnson) ကလည်း အဲဒီဖြစ်ရပ်ကို စုံစမ်းဖို့ တောင်းဆိုထားပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေး အကြီးအကဲ ဂျူလီယာ ပီယားဆင်က ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်လျှို့ဝှက်
ထောက်လှမ်းရေးဌာနအတွင်း မတော်တရော်ဖြစ် ရပ်တွေကိုလည်း ၀န်ခံခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေထဲမှာ ၂၀၁၁ ခုနှစ်က အိမ်ဖြူတော်ကို သေနတ်နဲ့ပစ်ခတ်ခဲ့မှု၊ ၂၀၁၂ ခုနှစ်က ကိုလံဘီယာ နိုင်ငံမှာ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ ပြည့်တန်ဆာအရှုပ်တော်ပုံ၊ အခုနှစ် မတ်လက အမေရိကန် သမ္မတအိုဘားမားရဲ့ နယ်သာလန်ခရီးစဉ်လုံခြုံရေးယူပေးတဲ့ ထောက်လှမ်းရေးတွေ အိမ်ပြန်ပို့ခံရတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။

DVB

ကာချုပ်နှင့် ဒီကေဘီအေတို့ တွေ့ဆုံမည်
Wednesday,October 1, 2014 

တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် DKBA မှ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးတို့ တွေ့ဆုံ ဆွေးနွေးကြမည်ဟု DKBA မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

“ဒု-စစ်ဦးချုပ်ကတော့ ဒီနေ့ ထွက်သွားပြီလို့ သိရတယ်။ သူတို့ နေပြည်တော် ဒါမှမဟုတ် ရန်ကုန်မှာ တွေ့ကြ မှာပါ”ဟု ၎င်းက ပြောသည်။ သို့သော် တွေ့ဆုံမည့်ရက် နှင့် အချိန်ကို DKBA နှင့် တပ်မတော်ဘက်မှ သီးခြား အတည်ပြုချက်မရပေ။

တိုက်ပွဲများဖြစ်ပွားနေသော နယ်မြေများအတွင်း အစိုးရစစ်တပ်မှ စစ်ကြောင်း ငါးကြောင်းခန့် ထပ်တိုးချ ထားသည်ဆိုသော သတင်းများကြားနေရပြီး မြ၀တီမြို့ရှိ DKBA အဖွဲ့များသည်လည်း ယခုကာလအတွင်း လုံခြုံရေး အခြေအနေအရ သွားလာရ ခက်ခဲနေခြင်းများရှိပြီး တိုက်ပွဲများရှိ တပ်ဖွဲ့ဝင်များနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေခြင်းကြောင့် စိုးရိမ်မှုများဖြစ်နေရကြောင်း ဗိုလ်ကြီးစောစိုးမြင့်ကဆိုသည်။

“စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်နှင့် ၄ နာရီခန့် အချိန်တို့တွင် သင်္ကန်းညီနောင်ရွာအနီး စစ်ဆေးရေးဂိတ် တစ်ခုတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားသည်ဟုDKBA က အတည်ပြုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List