Thursday, October 02, 2014

ဗြိတိန်နိုင်ငံသားများက ပြည့်တန်ဆာနှင့် မူးယစ်ဆေးဝါးများအတွက် ဘီယာနှင့်ဝိုင်များထက် ပိုမိုငွေကြေးသုံးစွဲ



ဗြိတိန်နိုင်ငံသားများက ၂၀၁၃ ခုနှစ်အတွင်း ပြည့်တန်ဆာနှင့် မူးယစ်ဆေးဝါးများအတွက် ငွေကြေးသုံးစွဲမှုမှာဘီယာ နှင့် ၀ိုင်များတွင် သုံးစွဲမှုထက် ပိုမိုများပြားကြောင်း လေ့လာမှုစစ်တမ်း တစ် ရပ်တွင် ဖော်ပြထားသည်။
တရားဝင်စာရင်းအတိအကျကို ရရှိရန် ခက်ခဲသော်လည်း စုဆောင်းကောက်ယူထားသည့် ကိန်းဂဏန်းများအရ မူးယစ် ဆေးဝါးနှင့် ကိုကင်း၊ ဟီးရိုးအင်းများ သုံးစွဲမှုတွင် ယမန်နှစ်အတွင်းက ပျမ်းမျှအားဖြင့် ပေါင် ၆ ဒသမ ၇ ဘီလျံရှိခဲ့သည်။

ပြည့်တန်ဆာများအတွက် သုံးစွဲခဲ့သည့် ပမာဏမှာလည်း ခန့်မှန်းခြေ နှစ်စဉ် ပေါင် ၄ ဒသမ ၃ ဘီလျံ ရှိခဲ့ကြောင်း သိရသည်။

၁၉၉၇ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း အချက်အလက်များကို စုဆောင်းကာ ယခုကဲ့သို့ကိန်းဂဏန်းများရရှိခြင်းဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်သူများ၏ သုံးသပ်ချက် အရ ယင်းကဏ္ဍများ တွင် စုစုပေါင်း သုံးစွဲမှုမှာ ပေါင် ၁၂ ဒသမ ၃ ဘီလျံ သာရှိပြီး ၀ိုင်နှင့် ဘီယာများအတွက် သုံးစွဲမှုမှာ ပေါင် ၁၁ ဘီလျံသာ ရှိကြောင်း သိရသည်။

Ref:The Mirror
Mizzima - News in Burmese

No comments:

Post a Comment

My Blog List