မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းကာစပဲ ရှိသေး လို့ နိုင်ငံတကာအနေနဲ့ ဆက်လက်ကူညီဖို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က စတင်လုပ်ဆောင်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေကိုလည်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေကနေတဆင့် ဆက်သွားဖို့ ရှိတယ်လို့ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်တက်ရောက်တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အစည်းအဝေးရဲ့ opening debate မတိုင်မီ အကြိုနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီကာလဟာ နုနယ်နေသေးတဲ့ အချိန်ဖြစ်တာကြောင့် တခြားနိုင်ငံတွေရဲ့ အကူးအပြောင်း ကာလလိုပဲ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်နေရတာကြောင့် မြန်မာအစိုးရအနေနဲ့ အကန့်အသတ် အင်အားနဲ့သာ လုပ်ဆောင်နေရပါတယ် လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် အခြေခံအုတ်မြစ်ချနိုင်ဖို့ စွမ်းရည်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ နားလည်မှုနဲ့ ဆက်လက် အားပေးကူညီဖို့ လိုအပ်ပါတယ်လို့လည်း ဖြည့်စွက်
ပြောဆိုပါတယ်။
မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် သဘောတူညီချက်ရဖို့ လေးလေးနက်နက် လုပ်ဆောင်နေပြီး လက်နက်ကိုင်အုပ်စု ၁၆ ဖွဲ့မှာ ၁၄ ဖွဲ့နဲ့ သဘောတူညီချက် ရထားပြီးပါပြီလို့လည်း ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး ပြောဆိုပါတယ်။
နှစ် ၆၀ ကြာ ပြည်တွင်းစစ်ကို ရပ်ဆိုင်းနိုင်မယ့် လမ်းကြောင်းကို ဖော်ဆောင်ပေးမယ့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် မူကြမ်းတခုကိုလည်း လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှုရဖို့ အစိုးရက လိုလိုလား လား လုပ်ဆောင်နေပါ တယ်လို့ ပြောသွားပါတယ်။
DVB
No comments:
Post a Comment