Friday, October 03, 2014

သန့်ရှင်းသော အိန္ဒိယစစ်ဆင်ရေးကို မိုဒီ စတင်လုပ်ဆောင်



အိန္ဒိယဝန်ကြီးချုပ် နာရန္ဒရာ မိုဒီက ကျယ်ပြန့်သော ငါးနှစ်စီမံကိန်း ''သန့်ရှင်းသောအိန္ဒိယ'' စစ်ဆင်ရေး ကို စတင်လိုက် သည်။ ဤစစ်ဆင်ရေးအား နယူးဒေလီမြို့၌ အိန္ဒိယလွတ်လပ်ရေး သူရဲကောင်း မဟတ္တမဂန္ဓီ၏(၁၄၅)နှစ်မြောက်မွေးနေ့ တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။


မိုဒီသည် သန့်ရှင်းရေးအာမခံ ချက်ဖြင့် ရာဂျာပသ်ရှိဂန္ဓီ အမှတ် တရရှေ့၌ လုပ်ဆောင်ခဲ့သည်။ အိန္ဒိ ယတစ်နိုင်ငံလုံးမှ အစိုးရအလုပ်သမား သုံးသန်းပါဝင်ခဲ့ကြသည်။

ထို့နောက် မြို့တော်သန့်ရှင်း ရေးအလုပ်သမားများ နေထိုင်ရာ အဆောက်အအုံများရှိသည့် ဗာလ် မီကီဘတ်စ်တီသို့ ချီတက်ခဲ့သည်။



ရုပ်သံသတင်းများ၌ ဝန်ကြီး ချုပ် မိုဒီကသန့်ရှင်းရေးလုပ်ဆောင် ကြရန် တွန်းအားပေးသည့်အနေဖြင့် လမ်းမပေါ်၌ တံမြက်စည်းလှည်း နေပုံကို ပြသခဲ့သည်။

မိုဒီက လူထုအတွင်း သန့်ရှင်း ရေး အရေးကြီးပုံကို ဖော်ညွှန်းပြသ ခဲ့သည်။ ၄င်းအာဏာရသည်မှစ၍ ၂ဝ၁၉ ခုနှစ်တွင် အိန္ဒိယတစ်နိုင်ငံ လုံးသန့်ရှင်းသွားရမည်ဟု အာမခံ ထားခဲ့သည်။

Xinhua
Yangon Media Group

No comments:

Post a Comment

My Blog List