ဟောင်ကောင်မှာ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပြီး စက်တင်ဘာ ၂၈ နဲ့ ၂၉ ရက် ၂ ရက်လုံး ရုတ်ရုတ်သဲသဲအခြေအနေတွေ ဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ ရဲတွေ နောက်ဆုတ်သွားပြီ ဖြစ်ပါ တယ်။ ပဋိပက္ခတွေ၊ မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေလည်း ဘာမှ မရှိတော့ပေမယ့် ဆန္ဒပြသမားတွေ က တရုတ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ လမ်းပေါ်မှာ ဆက်ပြီး စုရုံးနေကြပါတယ်။
ဒီဆန္ဒပြပွဲဟာ တရုတ်ပြည်မှာ လွန်ခဲ့တဲ့ ၂၅ နှစ်က တီယန်နန်မင် အရေးအခင်း နောက်ပိုင်း တရုတ်အစိုးရ အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။
ဆန္ဒပြသမားတွေထဲမှာ အများစုက ကျောင်း သားတွေဖြစ် ပြီး ဟောင်ကောင်ကို ဒီမိုကရေစီ အပြည့်အ၀ပေး ဖို့ တောင်းဆိုနေရာကနေ အခုတော့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကို နုတ်ထွက်ပေး ဖို့ ပါ တောင်းဆိုနေ ကြပါတယ်။
တရုတ်ကွန်မြူ နစ် ခေါင်းဆောင်တွေ ကတော့ ဟောင်ကောင်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ပျံ့နှံ့သွားမှာကို စိုးရိမ်တဲ့အတွက် ဟောင်ကောင် ဆန္ဒပြပွဲ သတင်းနဲ့ လူမှုကွန်ရက် မီဒီယာတွေကို အကြီးအကျယ် ဆင်ဆာ ပိတ်ထားပါတယ်။ ဆန္ဒပြပွဲဟာလည်း တရားမ၀င်ဘူးလို့ တရုတ်ပြည်မကြီး အစိုးရက ဆိုပါတယ်။
အခု ဆန္ဒပြပွဲဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ဗြိတိသျှတွေ လက်ထဲကနေ တရုတ်ပြည်ကို လွှဲပေးပြီးနောက်ပိုင်း တရုတ်အစိုးရကို အကြီးမားဆုံး အန်တု စိန်ခေါ်မှုဖြစ်ပါတယ်။
အမေရိကန် အစိုးရကတော့ ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြပွဲကို အနီးကပ် စောင့်ကြည့်
နေပြီး ဟောင်ကောင်ပြည်သူတွေရဲ့ ဆန္ဒကို ထောက်ခံတယ်လို့ အိမ်ြဖူတော် ပြောခွင့်ရသူက စက်တင်ဘာ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
DVB
No comments:
Post a Comment