Friday, October 03, 2014

အခြေခံဥပဒေမပြင်မချင်းတော့ ဒီဟာတွေက ဖြေရှင်းလို့ပြီးမှာမဟုတ်ဘူး


ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း

နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေးပါတီတွေကို ဖိတ် ခေါ်ထားတာရှိသလို နိုင်ငံရေးမူဘောင်တွေချမှတ်ဖို့ နိုင်ငံ ရေးပါတီတွေကလည်း ပြင်ဆင် နေကြတော့ လက်ရှိအချိန် မှာရော နိုင်ငံရေးပါတီတွေဘက်က အဆင် သင့်ဖြစ်နေပါ ပြီလား။

နိုင်ငံရေးမူဘောင်တော့ ကျွန်တော်တို့ မစဉ်းစားသေး ဘူးဗျ။ ငြိမ်းချမ်းရေးက အကုန်လုံးမှမရသေးတာကို။ ဒါက တစ်အချက်၊ နောက်တစ်ခုက ဘယ်တော့ရမလဲ မသေချာ သေးတော့ မသိသေးဘူးလေ။ အဲဒါကြောင့် ပါ။ ကျွန်တော့် အနေနဲ့ကတော့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ပြင်ဆင်မှု တော့ရှိထားပြီးသား။ မကြာပါဘူး တစ်ပတ်နဲ့ပဲ ပြီးသွားနိုင် ပါတယ်။

NCCT နဲ့ UPWC တို့ တွေ့ဆုံမှုအပြီး နိုင်ငံရေးပါတီတွေ နဲ့ သုံးပွင့်ဆိုင် တွေ့လာတာတွေလည်းရှိတော့ SNLD ပါတီ ဘက်ကရော ဘယ်လိုတွေ ပြင်ဆင်ထားပါသလဲ။

ကျွန်တော်တို့က UNFC နဲ့ မဟာမိတ်ရှိတာပဲ။ သူ တို့နဲ့ကွာပြီး ရေးလို့မရဘူး လား။ သူတို့မူ ကျွန်တော်တို့မူနဲ့ တစ်ထပ်တည်းမကျလေတောင် သူ့ရဲ့ ဆန့်ကျင်ဘက်မဖြစ် ဖို့ဘဲ အရေးကြီးတာပဲ။ UNFC ကလည်း ကျွန်တော်တို့နဲ့ ကွာစရာအကြောင်းတော့ မရှိပါဘူး။ မခက်ပါဘူး။ ကျွန် တော်တို့ဘက်ကတော့။

အခုလက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တချို့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တွေနဲ့ တပ်မတော်တို့ကြား မှာ အပြန်အလှန် တိုက်ပွဲတွေဖြစ်လာတော့ အာမခံချက်ရှိတဲ့ လုပ်ငန်းစဉ်ဖြစ်အောင်၊ ခိုင်မာအောင် ဘယ် လိုတွေဆောင် ရွက်ဖို့သင့်ပါသလဲ။

တိုက်ခိုက်တာ ဘယ်အဆင့်ထိလဲဆိုတာ ရှိတာကို အထက်မှာသွားဖြစ်ရင် တစ်မျိုးပေါ့။ ခုတော့ အောက်ခြေ မှာဖြစ်နေတယ်ဆိုတော့ တိုက်ခိုက်မှု တော့ရှိပါတယ်။ ဒါ ပေမဲ့ ငြိမ်းချမ်းရေးတော့ မထိဘူးထင်တယ်။ ဒါပေမဲ့ ဒီလို အချိန်မှာတော့ တစ်ဖက်နဲ့တစ်ဖက် နှစ်ဦးနှစ်ဖက်က အ များကြီးစဉ်းစားရတော့ မယ်လေ။ တာဝန်ယူမှု ရှိရတော့ မှာပေါ့။ ခုဟာက ငြိမ်းချမ်းရေးက မနက်ဖြန် သန်ဘက် ဆွေးနွေးတော့မယ်တိုက်တုန်း ဆိုတာလိုပေါ့။ ဟိုတုန်းက လည်း အဲဒီလိုပဲလေ။ ငြိမ်းချမ်းရေးဆွေးနွေးရင်း ဖြစ်လာ ကြတယ်ဆိုတော့ ကချင်တို့၊ ဝတို့၊ ပလောင်တို့ အခုလည်း ငြိမ်းချမ်းရေးကိစ္စမှာ ငြိမ်းချမ်းရေးလည်းပြောမယ်၊ တိုက်လည်း တိုက်နေမယ်ဆိုရင်တော့ သိပ်ပြီးတော့ သဘာဝ မကျဘူးလေ။ ပြောတာလည်း သိပ်ပြီး အရာရောက်မှာ မဟုတ်ဘူး။

ဒါဆို ရေရှည်တည်တံ့ပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖြစ်ထွန်းအောင် ဘယ်လိုတွေ လုပ်ဖို့ လိုအပ်ပါသလဲ။

အဓိကကတော့ သည်းခံဖို့ အရေးကြီးတယ်။ နား လည်မှုရှိဖို့ အရေးကြီးတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်။ တိုက်ရင်းနဲ့ ဆွေးနွေးမယ်၊ ဆွေးနွေးရင်း နဲ့တိုက် မယ်ဆိုတာ ဘယ်အဖွဲ့မှာမှ မူမရှိသေးဘူး။ ရှိလာရင်လည်း မကောင်းတော့ ဘူးပေါ့။ အဲဒါပါပဲ။ နှစ်ဖက်စလုံးကတော့ မတိုက်ဖို့ဘဲ အရေးကြီးတာပဲ။ တိုင်းရင်းသားတွေလိုချင် တာတွေက ယုံကြည်မှု နည်းနေတယ်။ အဲဒါကြောင့်ဖြစ်မယ်။

ရှမ်းနိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းရေးအခြေအနေကရော ဘယ်လိုတွေ ဆက်လုပ်နေတာရှိပါသလဲခင်ဗျ။

လက်ရှိအချိန်ကတော့ ဒီကိစ္စက အဲဒါတွေပြီးမှသာ ပြန်ပြီးတော့စဉ်းစားကြမှာပါ။ နိုဝင်ဘာလောက်ဆို ရင်တော့ အကြမ်းဖျင်း ကျွန်တော်တို့ ပြဋ္ဌာန်းဖြစ်မှာပါ။ ကျွန်တော် တို့ ဆွေးနွေးရမယ့် အကြောင်းအရာပါပဲ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်ရဲ့အခန်းကဏ္ဍက လည်း အရေးပါလာတော့ လက်ရှိလွှတ်တော်ကို ဘယ် လို သုံးသပ်လို့ရမလဲခင်ဗျ။

ထင်သာမြင်သာ မရှိတဲ့အတွက်ကြောင့် ကျွန်တော် တို့ဟာ ဒီဝဲအောက်ကနေ ထွက်လို့မရသေးပါဘူး။ ဘာကြီး ပဲဖြစ်နေဖြစ်နေ ဒီလွှတ်တော်ကြီးက တစ်နည်းပြောလို့ရှိ ရင် ထင်သာမြင်သာရှိအောင် ကျွန်တော်ထင်တယ် သူတို့ ရေးလိုက်တဲ့ အခြေခံဥပဒေဟာ ပြင်သင့်ပါပြီ။ ဒီအခြေခံ ဥပဒေပြင်မှ လည်းရမယ့်ကိစ္စပါ။ အခြေခံဥပဒေမပြင်မချင်း တော့ ဒီဟာတွေက ဖြေရှင်းလို့ပြီးမှာမဟုတ်ပါဘူး။ လွှတ် တော်ဟာ ထင်သာမြင်သာမရှိဘူး။ လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အပြင်ကပြည်သူ နဲ့ ဆက်သွယ်မှုက မရှိခဲ့ဘူး။ ပြီးတော့ အတွင်းကလူက ဘာလုပ်နေတယ်၊ အပြင်ကလူက ဘာဖြစ်နေတယ်ဆိုတာ လဲ Reflection မပြဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မှာ နိုင်ငံ ရေးပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ ပြောလိုတာရှိရင် ပြော ကြားပေးပါခင်ဗျာ။

ဒီနေ့ဒီအခါ အရေးကြီးတာတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကလည်း သိတဲ့အတိုင်းပါပဲ။ တချို့ကလည်း ပြောရရင် ဆန္ဒစောလွန်းတယ်။ တချို့ကလည်း အကောင်း မမြင်ဘူး။ ဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ မြင်နေ တာကတော့ အချင်းချင်း လက်ခံစကားပြောမယ်။ မနေ့ တစ်နေ့က တိုက်နေတယ်။ အဲဒီအခြေ အနေမျိုးတွေကလည်း မကောင်းပါဘူး။ 

တိုင်းပြည်အတွက်ပဲ မကောင်းတဲ့အစဉ် အလာတွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးကိုလိုလားတယ် ဆိုရင်တော့ အတိုက်အခိုက်တွေရပ်သင့်နေပါပြီ။ ဒါမှသာ လျှင် တိုင်းပြည်က ရှင်းရှင်းပြောလို့ရှိရင် လူထုရဲ့ကြိုးစား မှု နောက်ပြီး ငြိမ်းချမ်းရေးအဖွဲ့ကလည်း အစိုးရရဲ့ယုံကြည် မှုကို ဒီလိုပဲယူရမှာပါပဲ။ 

အစိုးရဆီက ဒီလို ယုံကြည်မှုရဖို့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ တိုက်ယူရမှာပါပဲ။ ဒါမှ မဟုတ်ဘဲ ငြိမ်းချမ်းရေးက ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ပြောပြောနေကျအတိုင်းပဲ အန္တရာယ်က ပြီးမှာ မဟုတ်ဘူး။ အားလုံးဝိုင်းဝန်းပြီးတော့ လွှတ်တော်ကလဲ ထင် သာမြင်သာရှိအောင် လုပ်ရမယ်။ ဒီကိစ္စတွေ ကို ၂ဝ၁၅ အမီ ဘယ်လိုပြင်ကြမလဲ။ ဘယ်စနစ်နဲ့သွားနိုင်မယ်ဆိုတာ ကိုစဉ်းစားရင်းနဲ့ ရောက်မယ့်စနစ်ကို စိတ်ဝင်စားစွာ အား လုံးပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ရဲလင်းထက် တွေ့ဆုံမေးမြန်းသည်။
Yangon Media Group

No comments:

Post a Comment

My Blog List