Tuesday, September 30, 2014

အာဖဂန်တွင် အမေရိကန်တပ် ဆက်ထားရေး လက်မှတ်ထိုးမည်



အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်တချို့ ၂၀၁၄ နောက်ပိုင်းအထိ ဆက်ထားရေး လုံခြုံရေးစာချုပ်ကို စက်တင်ဘာ ၃၀ ရက် ဒီနေ့ လက်မှတ်ထိုးဖို့ ရှိပါတယ်။ ဒါဟာ အပေါင်းလက္ခဏာ ခြေလှမ်းဖြစ်တယ်လို့ အိမ်ဖြူတော် ကောင်စစ်ဝန် ဂျွန် ပေါဒီစတားက မြို့တော် ကဘူးလ်မှာ ပြောပါတယ်။
အာဖဂန်စ္စတန်နိုင်ငံ တည်ငြိမ်ရေး၊ မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည် တံ့ရေးနဲ့ မိမိနိုင်ငံ လုံခြုံရေးအတွက် စည်းလုံး ညီညွတ်ပြီး တာဝန်ခံနိုင်တဲ့ နိုင်ငံ ဖြစ်ရေးကို အမေရိကန်က သံန္နိဋ္ဌာန်ဆက်ထားတယ်လို့ ပြောပါတယ်။

ဂျွန်ပေါဒီစတားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က သမ္မတသစ် အက်စရဖ်ဂန်ရဲ့ ရာထူးလက်ခံတဲ့ အခမ်းအနားမှာ သမ္မတ အိုဘားမားကိုယ်စား တက်ရောက်ဖို့ အာဖဂန်နစ္စတန်မှာ ရောက်နေတာပါ။

သမ္မတသစ်က လက်မှတ်ထိုးမယ့် လုံခြုံရေး သဘောတူညီချက်အရ အမေရိကန် တပ်သား ၁ သောင်းဝန်းကျင်ဟာ အာဖဂန်မြေပေါ်မှာ ဆက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။

အာဖဂန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို သင်တန်းပေးဖို့ အဓိက ရည်ရွယ်သလို၊ အာဖဂန်မြေပေါ်မှာ အမေရိကန်စစ်အခြေစိုက် စခန်းတွေကိုလည်း ဒီအတိုင်း ဆက်ထားမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List