Tuesday, September 30, 2014

တရုတ်တွင် တုပ်ကွေးကူးစက်ခံရသူ ၁ သောင်းကျော် ရှိပြီ




တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ အထိ တုပ်ကွေးရောဂါ ကူးစက်ခံရသူ အယောက် ၁ သောင်းကျော်ပြီလို့ ပြည်နယ်ကျန်းမာရေးဌာနက ပြောပါတယ်။ 



တုပ်ကွေးကူးစက်ခံရသူ ဦးရေဟာ မနှစ်က ခုလိုအချိန်က လူဦးရေထက် ၁၅၀၀ ကျော် တိုးသွားတယ်လို့ ဆိုပါတယ်။ ခြင်ကတဆင့် ကူးစက်တဲ့ တုပ်ကွေး ကြောင့် လူ ၃ ယောက် သေဆုံး ခဲ့ပါတယ်။

သေဆုံးသူတွေဟာ ကွမ်ကျိုးနဲ့ ဖိုရှန်းမြို့တွေကဖြစ်ပြီး ကွမ်ကျိုးမြို့မှာ ကူးစက်ခံရသူ အယောက် ၉ ထောင်ကျော်၊ ဖိုရှန်းမြို့မှာတော့ အယောက် ၁ ထောင်ကျော်တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ဆိုပါတယ်။

ကွမ်ကျိုးမြို့ ဆေးရုံအုပ် ယင်ကျိဘောင်ကတော့ တုပ်ကွေးကူးစက်မှုဟာ ရာသီဥတု၊ သဘာဝပတ်ဝန်း ကျင်ပြောင်းလဲမှုနဲ့ ဆက်စပ်နေတယ် လို့ ပြောပါတယ်။

ဒီနှစ်အတွင်း မိုးအဆက်မပြတ်ရွာလို့ မရည်ရွယ်ထားတဲ့ ကန်တွေ ဖြစ်လာပြီး ခြင်တွေ ပေါက်ပွားခဲ့တယ်လို့ ပြောပါ တယ်။

ဒေသခံတွေကိုတော့ ခြင်ကိုက်မခံရအောင်နေဖို့ သတိပေးထားပြီး အိမ်တွေကို သန့်ရှင်းရေးလုပ်ဖို့နဲ့ ရပ်ကွက်ကော်မတီ ရုံးတွေမှာ ပိုးသတ်ဆေးကို အခမဲ့ ရယူဖို့ ကြေညာထားပါတယ်။

DVB

No comments:

Post a Comment

My Blog List