Thursday, October 02, 2014

လှည့်ကင်းကို စက်ဘီးဖြင့် လှည့်ရန် စစ်ကိုင်းတိုင်း အစိုးရစီစဉ်


ရဲတပ်ဖွဲ့ဝင်များ စစ်ကိုင်းတိုင်း မြို့နယ်များတွင် ကင်းလှည့်ရာတွင် စက်ဘီးဖြင့်သာ လှည့်ကြရန် စက်ဘီး ၁၆၅ စီးကို ရဲတပ်ဖွဲ့ဝင်များသို့ ​ပေးအပ်ခြင်းဖြင့် စစ်ကိုင်းတိုင်း အစိုးရက စီစဉ်လိုက်သည်။ စက်ဘီးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ​ရွှေရတု နှစ်ပတ်လည်​နေ့ စက်တင်ဘာ ၁ ရက်တွင် စစ်ကိုင်းတိုင်းအစိုးရက ​ပေးအပ် ခဲ့ပြီး စက်ဘီးများသည် မှုခင်းကျဆင်း​ရေးကို အ​ထောက်အကူပြု​စေမည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ​နေထွန်းက ​ပြောသည်။

“အိမ်ရှေ့မှာ ဆိုင်ကယ်နဲ့ ရဲဖြတ်သွားတာကို မြင်လိုက်လို့ အိမ်ရှင်က အကူအညီ ထွက်တောင်းမယ်ဆိုရင် အိမ်ရှင်က အိမ်ရှေ့မရောက်သေးဘူး ရဲက ဟိုအဝေးကြီးကိုရောက်သွားပြီ။ အော်မကြား ခေါ်မကြားဖြစ် သွားပြီ စက်ဘီး လှည့်ကင်းဆိုတော့ ဖြေးညင်းသက်သာဘဲ သွားလာလို့ရတယ်” ဟု ​ပြောသည်။

လှည့်ကင်းကို စက်ဘီးဖြင့် လှည့်ပါက လမ်းကြိုလမ်းကြားအထိ သွားလာနိုင်ပြီး ​မှောင်ရိပ်ခိုကာ ပြစ်မှုကျူးလွန် ပြင်ဆင်​နေသူများကိုလည်း ဖမ်းဆီးနိုင်မည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ချင်းစိန်ကလည်း ​ပြောသည်။

“မူးလဲနေတဲ့ သူတွေကိုလည် မြင်တွေ့နိုင်ပါတယ်။ နောက်ပြီး ပြစ်မှုကျူးလွန်ဖို့ရန် အမှောင်ရိပ်ခိုနေတဲ့ သူတွေကို အသံတိတ် ရုတ်တရက် ဖမ်းဆီးအရေးယူနိုင် ပါတယ်” ဟု ​ပြောသည်။

သို့​သော် ရဲတပ်ဖွဲ့ဝင်တို့ မှုခင်းကျဆင်​ရေး လုပ်​ဆောင်ရာတွင် ကိုယ်တိုင်၏ အရည်အ​သွေး လိုအပ်ချက်နှင့် မှုခင်းကျဆင်းရန် အ​ထောက်အကူ​ပေးမည့် လက်နက်နှင့် အခြားပစ္စည်းများလိုအပ်ချက် ရှိ​နေသည်ဟု ​လေ့လာသူများက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List