Wednesday, April 22, 2015

ထားဝယ် စီးပွားရေးဇုန် စီမံကိန်းအတွက် အီတာလျံထိုင်းနှင့် Rojana လက်မှတ်ထိုးမည်


မြန်မာနိုင်ငံတောင်ပိုင်းမှ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့်ကို အကောင်အထည်ဖော် ရန် အီတာလျံ ထိုင်း (Italian Thai Development) ကုမ္ပဏီနှင့် Rojana Industrial Park ကုမ္ပဏီတို့အ ကြား အမေရိကန် ဒေါ်လာ ၁ ဒသမ ၇  ဘီလီယံတန်ကြေးရှိသည့် သဘောတူညီချက်တခုကို ဇွန်လ မတိုင်မီ လက်မှတ် ရေးထိုး ကြမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံပို့ဆောင် ရေးဒုဝန်ကြီး Arkhom Termpittayapaisith က ပြောဆိုသည်ဟု Reuters သတင်း တရပ်တွင် ရေးသားဖော်ပြသည်။
စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် အရှေ့တောင် အာရှ၏ အလား အလာ အကောင်းဆုံး စက်မှုဇုန် တခုဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ ရေနံဓာတုနှင့် အကြီးစား စက် မှုလုပ်ငန်းများ ပါဝင် မည်ဖြစ်ကြောင်း သိရှိရသည်။

“မြန်မာ အစိုးရအဖွဲ့က ခွင့်ပြုပြီးရင် Italian Thai Development နဲ့ Rojana တို့က ပထမဆုံးစာချုပ်ကို မေ လ သို့မဟုတ် ဇွန်လအစောပိုင်းမှာ လက်မှတ်ရေးထိုးပါလိမ့်မယ်။” ဟု ထိုင်းနိုင်ငံ ဒုတိယ ပို့ဆောင်ရေး ၀န်ကြီး Arkhom Termpittayapaisith က ဧပြီလ ၂၁ ရက်နေ့တွင် ပြောဆိုသည်။ ထားဝယ်စီမံကိန်း၏ ပထမအဆင့်တွင် ၂၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် စက်မှုနယ်မြေတခု ပါဝင်မည်ဟု သူက ဆို သည်။

ထားဝယ် နှင့် ဘန်ကောက်မြို့ အနောက်မြောက်ဖက်ရှိ ကန်ချနဘူရီ ခရိုင်ကို ဆက်သွယ်ပေးမည့် ၁၃၈ ကီလိုမီတာ ရှည် လျားသော လမ်းဖောက် လုပ်ခြင်းဖြင့် စီမံကိန်း၏ ပထမအဆင့် ဆောက်လုပ်ရေးလုပ်ငန်း များကို စတင်မည်ဖြစ်ပြီး လမ်းဖောက် လုပ်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင်သင့်သည်ဟု Arkhom Termpittayapaisith က ဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ရပ်တန့်နေသည်မှာနှစ်နှင့် ချီခဲ့ပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်း အတွက် စွမ်း အင် အရင်းအမြစ် ရှာဖွေပေးနိုင်ခြင်း မရှိခဲ့သည့် Italian Thai Development (ITD) ကို နှောင့်နှေးမှုအတွက် အပြစ်တင် ဝေဖန်မှုများလည်း အမြောက်အများရှိခဲ့သည်။

မြန်မာနိုင်ငံက လမ်းဖောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၁၃၈ ဒသမ ၉ သန်း တောင်းခံခဲ့သည်ဟု Arkhom Termpittayapaisith က ပြောသည်။ လမ်းဖောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ဘတ်ငွေ ၃ ဒသမ ၉ ဘီလီယံ(အမေရိ ကန်ဒေါ်လာ ၁၂၁သန်း ခန့်) ထုတ်ချေးပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရက ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ တွင်ပြောဆိုခဲ့သည်။

ယခင်က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ စီမံခန့်ခွဲမှုကို အီတာလျံထိုင်းကုမ္ပဏီက တိုက်ရိုက်ကွပ်ကဲ ခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့က စီမံကိန်း ကွပ်ကဲမှုအခွင့် အာဏာကို Italian Thai Development (ITD) ထံ မှ ပြန်လည်သိမ်းယူခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List